24 C
Yangon

ရွှေဘိုနှင့် မုံရွာမြို့တွင် စစ်မှုထမ်းအပတ်စဉ် ၂၁ အတွက် လူငယ် ၁၀၀ ကျော်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့် မုံရွာမြို့တွင် စစ်မှုထမ်းအပတ်စဉ် ၂၁ အတွက် လူငယ် ၁၀၀ ကျော်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံ လူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ဇန်နဝါရီလ ၄ ရက်နေ့ တစ်ရက်တည်းတွင်ပင် လူငယ် ၅၀ကျော်ကို အကြမ်းဖက် စစ်တပ် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း Fight For Freedom မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

“ရွှေဘိုမြို့ပေါ်မှာ လွတ်လပ်ရေးနေ့ စစ်တပ်က ပေါ်တာဆွဲတယ်။ လူငယ် ၅၀ ကျော် အဖမ်းခံရတယ်။ ရွှေဘိုမြို့ သက်သာပန်းတောင်းရပ်ကွက်၊ အမှတ် ၇ရပ်ကွက် ၊ ကားကြီးကွင်း နဲ့ ရွှေဘို စည်ပင်ဈေးမှာ လူငယ်တွေအကုန်လုံးကို ပေါ်တာဝင်ဆွဲတာ။ “ဟု Fight For Freedom မှတာဝန်ရှိသူက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်တွင်လည်း အလုပ်သွား အလုပ်ပြန် လူငယ်များကို ၂ ရက်ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး လူငယ် ၆၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း ဖမ်းဆီးခံလူငယ်များနှင့်နီးစပ်သူများက ပြောဆိုသည်။

ဇန်နဝါရီလ ၆ ရက်နေ့ နှင့် ဇန်နဝါရီလ ၇ ရက်နေ့တို့တွင် မုံရွာမြို့ပေါ် တွင် စစ်တပ်က အိမ်စီးကားမျာဖြင့် လူငယ် ၆၀ ကျော်ကို စစ်တပ် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးထားသော လူငယ် ၆၀ ကျော်ကို မုံရွာ​မြို့ တိုင်းရင်းဆေးရုံနှင့် မုံရွာ အမှတ် ၂ စခန်းတွင် ဖမ်းဆီးထားကြောင်း သိရှိရသည်။

“မနက်ပိုင်းနှင့် ညနေပိုင်းနှင့်ပိုင်းတွေမှာ အလုပ်သား အလုပ်ပြန်တဲ့ လူငယ်တွေ အဆွဲခံရတာတွေများတယ်။ လမ်းဆုံတွေမှာဆိုရင် ဆိုင်ကယ်တွေ စစ်တယ်။ ဆိုင်ကယ် စီးလူငယ်တွေကို စစ်ခွေးတွေ ပေါ်တာဆွဲဖမ်းဆီးတယ်။ သာစည်လမ်း (TTC)ကျောင်းအနီးမှာ လူငယ် ၂၀ ကျော်ကို စစ်တပ်က ဖမ်းဆီးတယ်။ သလ္လာအမှတ်(၁၁)အရက်ဆိုင်နှင့်ဘိလိယက်ခုံမှာလည်း လူငယ် ၈ ဦး ကို ဝင်ဖမ်းတယ်။ လက် ရှိ ဖမ်းဆီးထားတဲ့ လူငယ် ၆၀ကျော်ကို တိုင်းရင်းဆေးရုံးနဲ့ အမှတ် ၂ စခန်းတွေထဲမှာ ဖမ်းဆီးထားတယ်”ဟု ဖမ်းဆီးခံလူငယ်တစ်ဦး၏ မိဘဆွေမျိုးတစ်ဦးက ရှင်းပြသည်။

ထို့ပြင် ဇန်နဝါရီလ ၅ ရက်နေ့ကလည်း မုံရွာမြို့ပေါ် တွင် တစ်ရက်တည်း လူငယ် ၇၀ ကျော် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ယခု ဇန်နဝါရီလ ၁၅ ရက်နေ့တွင် စစ်မှုထမ်းအပတ်စဉ် ၂၁ ကို စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်တပ်က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလ လူငယ်များကို အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်တပ်က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလ လူငယ်များကို အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article