24 C
Yangon

စစ်တပ်ပိုင် Mytel နှင့် ဆက်စပ်နေသော ဖေ့ဘုတ်စ် လူမှုကွန်ရက်အကောင့်ပေါင်း ၁၀၀၀ ကျော်ကို Meta က ဖယ်ရှား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၉

အကြမ်းဖက် မင်းအောင်လှိုင် လက်အောက်ခံ စစ်တပ်ပိုင် Mytel နှင့် ဆက်စပ်နေသော လူမှုကွန်ရက် ဖေ့ဘုတ်စ် စာမျက်နှာ၊ Group နှင့် အကောင့် ပေါင်း ၁၀၀၀ ကျော်ကို Meta က ဖယ်ရှားလိုက်ပြီဖြစ် ကြောင်း Justice For Myanmar က သတင်းထုတ်ပြန်သည်။

Meta ခေါ် Facebook က Mytel နှင့် Mytel ကိုယ်စားလှယ်များ၊ Mytel လက်လီအရောင်းဆိုင်များ၏ ူလူမှုကွန်ရက်စာမျက်နှာ ပေါင်း ၁၀၀၀ ကျော်ကို ဖယ်ရှားလိုက်ခြင်းသည် မြန်မာစစ်တပ်ထိန်းချုပ်ထားသော ဆက်သွယ်ရေး ကွန်ရက်၏ အွန်လိုင်းတည်ရှိမှုအပေါ် ကြီးစွာသော ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ကြောင်း၊ ထိုသို့ ဖယ် ရှားမှုသည် Facebook လူမှုကွန်ရက်၏ မိခင်ကုမ္ပဏီ Meta က ၂၀၂၁ ခုနှစ်တွင် ချမှတ်အကောင် အ ထည်ဖော်ခဲ့သည့် မြန်မာစစ်တပ် ထိန်းချုပ်ထားသော စီးပွားရေးလုပ်ငန်းများကို ပိတ်ပင်‌သည့် Facebook ၏ မူဝါဒနှင့်လည်း ကိုက်ညီကြောင်း JFM က ပြောဆိုသည်။

စစ်တပ်ပိုင် Mytel ၏ လူမှုကွန်ရက်စာမျက်နှာကို Facebook က ဖယ်ရှားခဲ့ပြီးဖြစ်သော်လည်း ကုမ္ပဏီက စာမျက်နှာသစ်များ ဖွင့်လှစ်ကာ ပိတ်ပင်မှုကို ရှောင်ရှားခဲ့သလို တစ်ဖက်တွင်လည်း မိုင်တဲလ်ကိုယ် စားလှယ်များနှင့် အ ရောင်းဆိုင်များ၏ အကောင့်များမှ​ာ ယခုအချိန်အထိ ဆက်လက်လည်ပတ်နေဆဲဖြစ်သောကြောင့် Justice For Myanmar က Facebook ထံသို့ သတင်းပို့ တိုင်ကြားခဲ့ကြောင်း သိရှိရသည်။

Mytel အမည်ဖြင့် လုပ်ကိုင်နေသော Telecom International Myanmar ကို စစ်တပ်စီးပွားရေး လုပ်ငန်းစုကြီးဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၊ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး ဌာနပိုင် Viettel Global ကော်ပိုရေးရှင်းနှင့် မြန်မာခရိုနီများ၏ ဦးပိုင်ကုမ္ပဏီတစ်ခုတို့က ပိုင်ဆိုင် ကြောင်း၊ ယင်းကုမ္ပဏီက မြန်မာစစ်တပ်ထံသို့ အခွန်ဝင်ငွေများနှင့် နည်းပညာများ ပေးအပ်နေသည့် အပြင် စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် သတင်းအချက်အလက် စိစစ်ဖြတ်တောက်ခြင်းများတွင် လည်း ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

Mytel ၏ အမြတ်ငွေခန့်မှန်းချက်များအရ မြန်မာစစ်တပ်က Mytel လုပ်ငန်းလည်ပတ်သည့် ၅ နှစ်မှ ၉ နှစ်အတွင်း ၎င်းတို့၏ ရှယ်ယာပိုင်ဆိုင်မှုမှ အမေရိကန်ဒေါ်လာ သန်း ၂၇၀ အထိ ရရှိနိုင်ဖွယ်ရှိကြောင်း၊ ထိုနောက်ပိုင်း ၅ နှစ်တာကာလအတွင်း နောက်ထပ် ဒေါ်လာ သန်း ၄၅၀ ထပ်မံရရှိနိုင်ကြောင်း Justice For Myanmar က သုံးသပ်ထားသည်။

Mytel မှာ စစ်တပ်နှင့် ထိပ်ပိုင်းဗိုလ်ချုပ်ကြီးများအတွက် ကြီးမားသော ဝင်ငွေရပေါက်ကြီးတစ်ခု ဖြစ် လာစေပြီး စစ်တပ်ကို ဘဏ္ဍာငွေထောက်ပံ့ခြင်းနှင့် ၎င်းတို့၏ ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်း မှုများကို ကူညီပံ့ပိုးပေးခြင်းအားဖြင့် Mytel က မြန်မာစစ်တပ်က ဆက်လက်ကျူးလွန်လျက်ရှိ သော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေးကူညီ လျက်ရှိကြောင်း ထောက်ပြထားသည်။

Mytel၏ အပ်ပလီကေးရှင်းများကို Google Play Store နှင့် Apple App Store တို့တွင် လက်ခံ ပေးထားသည့် Alphabet နှင့် Apple တို့ အပါအဝင် အခြားနည်းပညာကုမ္ပဏီများအနေဖြင့် Mytel အပေါ် ပိတ်ပင်အရေးယူမှုများ ဆောင်ရွက်ကြရန် Justice For Myanmar က ဆက်လက် တောင်းဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article