ဒီကနေ့ ဇန်နဝါရီ ၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးမှာရှိတဲ့ ပဲခူးတိုင်းထဲက တောကျွဲအင်းမြို့ကို တော်လှန်ရေးပူးပေါင်း တပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်က သေတဲ့သူတွေတော်တော်ကို များထားတဲ့ အပြင် စစ်သားအလောင်းတွေလည်း လမ်းပေါ်တွေမှာ ပျံ့ကျဲနေတယ်လို့ ဒေသခံပြည်သူတွေ နဲ့ တော်လှန်ရေးတပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာရှိတဲ့ ညောင်ပင်သာကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခြေမှုန်းရာမှာ စစ်တပ်ဘက်က ထိခိုက် သေဆုံးမှုတွေ များသွားတဲ့အပြင် ၊ စစ်သားတွေလည်း ဝရုန်းသုန်းကားနဲ့ထွက်ပြေးသွားကြပြီး သူတို့ရဲ့ လက်နက်ခဲယမ်းနဲ့စစ်အသုံးအဆောင်ပစ္စည်းတွေကိုပါ တော်လှန်ရေးတပ်တွေက သိမ်းဆည်းရရှိခဲ့ တယ်လို့ မြင်းခြံခရိုင် PDF အမှတ် ၁ တပ်ရင်း ရဲ့ ကိုဝမ်းတူးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အမျိုးသမီး ၉ ဦးကို မုဒိမ်းကျင့်ခဲ့တဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက လိုက်လံတိုက်ခိုက်ရာမှာ စစ်တပ်ဘက်က ၁၅ ဦးထက် မနည်းကတော့ အသီးသီး သေကုန်ကြပြီး တော်လှန်ရေးဘက်ကလည်း ရဲဘော်တချို့ ထိခိုက်ကျဆုံးမှု ရှိခဲ့တယ်လို့ မတ္တရာမြို့နယ် ပကဖ ရဲ့ တာဝန်ရှိသူ ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်သမ္မတ ရှီကျင့်ဖျင်အနေနဲ့ ထိုင်ဝမ်အပေါ် စစ်ရေးအရ အင်အားသုံးမသုံးဆိုတာကို သူ့ဘာသာသူပဲ ဆုံးဖြတ်ရမှာဖြစ်ပြီး မတိုက်ခိုက်ဖို့ကိုသာ မျော်လင့်တယ်လို့ ကြာသပတေးနေ့မှာ ပြောကြားလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




