27 C
Yangon

ကြာအင်းဆိပ်ကြီးနှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်မူထမ်းတပ်သားသစ် ၄ ဦးက လက်နက်များယူဆောင် အလင်းဝင်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ကရင်ပြည်နယ် ၊ ကြာအင်းဆိပ်ကြီးမြို့ ခလရ အမှတ် ၂၈၃ ခြေလျင်တပ်ရင်းမှ စစ်မှုထမ်း တပ် သားသစ် ၁ ဦး သေနတ် ၁လက်ယူဆောင်လာပြီး အလင်းဝင်ခဲ့ကြောင်း Phoenix – Special Warfare Force မှ တပ်မှူး ထိန်းလင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့ ညပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့၊ ခလရ အမှတ် ၂၈၃ ခြေလျင်တပ်ရင်းမှ စစ်မှု ထမ်းတပ်သားသစ် အောင် ကိုကို သည် အကြမ်းဖက် စစ်တပ် လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့ပါသဖြင့် တပ်မဟာ (၆) နယ်မြေခံ KNLA တပ်ရင်း (၁၇) တပ်ခွဲ ၂ ထံသို့ အလင်းဝင်ရောက်လာခဲ့ဖြစ်ကြောင်းသိရှိရသည်။

ထိုအလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် အောင်ကိုကိုသည် MA-3 သေနတ် ၁လက် ၊ ကျည်- ၁၂၀တောင့်၊ ကျည်ဘောက်- ၅ ဘောက်တို့ ယူဆောင်ခဲ့ကြောင်း၊ ထိုအလင်းဝင်ရောက်လာသော အောင်ကိုကို တပ်ရင်း (၁၇)၊ တပ်ခွဲ (၂) ဗိုလ်ကြီး စောအေးစိုးမှ ဂုဏ်ပြုချီးမြင့်ငွေ ကျပ်သိန်း ၃၀ ကို ပေး အပ်ချီးမြှင့်ခဲ့ကြောင်းသိရှိသည်။

“အလင်းဝင်ရောက်လာတဲ့သူ စစ်မူထမ်းတပ်သားသစ်ပါ။ အလင်း ဝင်ရောက်လာတဲ့သူက စစ်မှုထမ်းသင်တန်းကို ကျိုက်ထိုမြို့နယ်မှာ သင်တန်းတက်ရောက်ခဲ့တာပါ။ စစ်မှုထမ်း အပတ်စဉ် ၅ခုနှစ်ကပါ။ အလင်းဝင်ရောက်လာတဲ့သူက နေထိုင် တာကတော့ ကျိုက်ထိုမြို့ကပါ။ အလင်းဝင်ရောက်လာတဲ့ သူက ဥက္ကဌ ကအလုပ်သွင်း‌ပေးမယ်ဟုဆိုပြီး လိမ်ညာခေါ်ဆိုကာ စစ်မှုထမ်းထဲကို အပို့ခံရတာပါ”ဟု Phoenix – Special Warfare Force မှ တပ်မှူး ထိန်းလင်းက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ ပေါ်တာဆွဲခံထားရသော စစ်မှုထမ်းများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဆက်သွယ် ဘက်ပြောင်းခိုလှုံကြပါရန်၊ Geneva Convention ဥပဒေနှင့်အညီ ထိန်းသိမ်းသွားမည်ဖြစ်ပြီး တော် လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် Phoenix – Special Warfare Force အနေဖြင့် အမြဲတမ်း အဆင်သင့်ရှိနေကြောင်း အသိပေး နှိုးဆော်တိုက်တွန်းထားသည်။

အလားတူ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်မှုထမ်းတပ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အ လင်းဝင်ခဲ့ကြောင်း ‎ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန် ကြားရေး ဌာနက သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ တနင်္သာရီမြိုနယ်အတွင်း ရောက်ရှိနေသည့် အကြမ်းဖက် စစ်ကော် မရှင်၏ ခလရ ၂၆၅ တပ်ရင်းမှ တပ်သား ၂ ဦးနှင့် ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အ ကြမ်းဖက်စစ်ကော်မရှင်တပ်၏ စအရ ၉၁၈ တပ်ရင်းမှ တပ်သားတစ်ဦးသည် MA3 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ဘောက်နှင့်အတူ အလင်းဝင်ခဲ့ကြောင်း သိရသည်။

ထိုသို့ KNLA တပ်မဟာ ၄ တပ်ရင်း ၁၁ ထံသို့ အလင်းဝင်ဘက်ပြောင်းခိုလှုံခဲ့သည့် တပ်သား ၃ ဦး သည် အကြမ်းဖက်စစ်ကော်မရှင်တပ်မှ အတင်းအဓမ္မဖမ်းဆီးကာ စစ်သားအဖြစ် စုဆောင်းခံရသည့် စစ်မှုထမ်းတပ်သားများဖြစ်ကြောင်း အသိပေးထားသည်။

အာဏာသိမ်း အကြမ်းဖက်စစ်တပ် အတွင်းမှ တပ်သားများအနေဖြင့် မိမိတို့နှင့်နီးစပ်ရာ တော်လှန်ရေးတပ်များထံသို့ ရရာနည်းဖြင့် လက် နက်ချ အလင်းဝင် ပူးပေါင်းကြပါရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက တိုက်တွန်း ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article