ရန်ကုန်၊ ဇန်နဝါရီ ၁၂
မကွေးတိုင်း၊ ကံမမြို့နယ် အုပ်ချုပ်ရေးမှူး ဇော်မင်းနိုင်မှာ ယမန်နေ့ ရွေး ကောက်ပွဲ အပိုင်း ၂ မဲရုံများသို့ သွားရောက်စစ်ဆေးပြီးအပြန်လမ်းတွင် ပစ်ခတ်ခံရကာ သေဆုံးသွားကြောင်း ကံမမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရှိရသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်း ကံမမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များလိုက်ပါသော အဖွဲ့က မဲရုံများကို စစ်ဆေးပြီး အပြန်လမ်း ကားတန်းကို PDF တပ်ဖွဲ့ တိုက်ခိုက်ခြင်းခံရကြောင်း၊ တိုက်ခိုက်ခံရမှုကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ၊ ကံမမြို့နယ် အုပ်ချုပ်ရေးမှူးမှာမူ ကျည်ထိဒဏ်ရာ ၃ ချက်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ဒဏ်ရာပြင်းထန်သဖြင့် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
“အပစ်ခံရတာ ကံမ ပြောင်ကျကျေးရွာနဲ့ ပယ်ကျကျေးရွာအကြားမှာ အပစ်ခံရတာ။ ကားတန်းမှာပါသွားတဲ့ ရဲတွေကလည်း ပြန်ပစ်တယ်။ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးတော့ မြို့နယ်အုပ်ချုပရေးမှူးက ဒဏ်ရာရတယ်။ ဒဏ်ရာ ပြင်းထန်တော့ ပြည်ဘက်ကို ပို့ရင်း ကွယ်လွန်ပါတယ်” ဟု ကံမမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
ကံမမြို့နယ် မြို့နယ်အုပ်ချုပ်ရေး ဇော်မင်းနိုင်မှာ ယခင် မြို့နယ်အုပ်ချုပ်းမှူး အုန်းဌေး ၏ နေရာတွင် အစား ထိုး ဝင်ရောက်လာသူဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် ဧပြီလတွင်မှ ကံမမြို့သို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ၁ နှစ်မပြည့်ခင်မှာပင် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ဇန်နဝါရီလ ၁၀ ရက်နေ့ ကံမမြို့နယ်အတွင်းရှိ မဲရုံများကို နောက်ဆုံး လိုက်လံ စစ်ဆေးခဲ့သည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဇော်မင်းနိုင်။ (အနီ၀ိုင်းပြထားသူဖြစ်သည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




