ဒီကနေ့ ဇန်နဝါရီ ၁၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်တပ်က ကျူးလွန်ထားတဲ့ ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုကို ICJ တရားရုံးမှာ ပြန်လည်ကြားနာမှုအတွင်း အဆုံးအဖြတ် သက်သေနဲ့စစ်ဆေးချက်တွေကို စတင် စစ်ဆေးတော့မှာဖြစ်တယ်လို နိုင်ံတကာ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။
- မွန်ပြည်နယ်၊ ဘီးလင်းမြိုနယ်က ဝင်းပြန်ကျေးရွာ နဲ့ အလူးလေးကျေးရွာအကြား တိုက်ပွဲမှာ အကြမ်းဖက် စစ်တပ်ဘက်က ခမရ ၃ ဒုတပ်ရင်းမှူး ဗိုလ်မှုး ထူးလင်း ဆိုသူ အပါအဝင် စစ်သား အများအပြားသေကုန်ကြပြီလို KNU စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မကွေးတိုင်း၊ ကံမမြိုနယ်က အကြမ်းဖက် စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူး ဇော်မင်းနိုင်ဆို သူဟာ ရွေးကောက်ပွဲမဲရုံကို စစ်ဆေးပြီးအပြန်လမ်းမှာတင် ပစ်ခတ်ခံရပြီး သေသွားပြီလို ကံမမြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းကိုယ်တိုင် ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အမေရိကန် သမ္မတ ထရန့်က အီရန်နိုင်ငံအတွက် “ပြင်းထန်တဲ့ စစ်ရေးအရေးယူမှု” ကိုပြုလုပ်ဖို စဉ်းစားနေတဲ့အကြောင်းနဲ့ မကြာခင် ဆုံးဖြတ်ချမယ်လို တနင်္ဂနွေနေ့ညပိုင်းကပဲ Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




