ရှမ်းပြည်နယ်၊ တောင်ကြီးတွင် စစ်တပ်ခန့် ရှမ်းတရားသူကြီးချုပ် သန်းဦးလွင်က ပြည်သူပိုင် လမ်းနှင့်ပလပ်မြေများကို သိမ်းယူရန် လုပ်ဆောင်နေကြောင်း တောင်ကြီးအခြေစိုက် ဒေသသတင်းရင်းမြစ်တချို့က ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ခန့်အပ်ထားသော ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် သန်းဦးလွင်က တောင်ကြီးရှိ အများပြည်သူပိုင် လမ်းမြေနှင့် ပလပ်မြေတို့ကို ၎င်းပိုင်မြေ အဖြစ် ဂရန်ဖောက် ၍ မောင်ပိုင် စီးရန် ကြံစည်နေကြောင်း၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊နယ်မြေ ၃ ၊ ရှေး ဟောင်းယဉ် ကျေးမှုဌာန ဝန်ထမ်းအိမ်ရာဘေး ကပ်လျက်ရှိ အစိုးရစီမံခန့်ခွဲပိုင်ခွင့် ရှိသော ပလပ်မြေပေါ်တွင် ပြည် နယ်တရားသူကြီးချုပ် သန်းဦးလွင် အမည်ဖြင့် ဂရမ်ဖောက်ရန် စီစဥ်နေခြင်း ဖြစ်ကြောင်း၊ အဆိုပါ မြေကွက်ရှိရာ လမ်းမှာ မူလက ၁၂ ပေအကျယ် လမ်း ရှိသော်လည်း ၅ ပေသာ ချန်ကာ ဂရမ်ဖောက်ရန် စီစဥ်နေလျက်ရှိကြောင်း သိရှိရသည်။
“သူ ကိုယ်တိုင်လုပ်တာတော့ မဟုတ်ဘူး၊ သူ့ရဲ့ လူယုံ ဖြစ်တဲ့ ရွှေလှမောင်ကို ခိုင်းတာ။ ရွှေလှမောင် ကိုယ်တိုင် စိတ်ကြိုက် မြေ တိုင်းပြီး ပြည်နယ်တရားသူကြီးအတွက် ဂရန်လျှောက်ပေးမလို့ ဆိုပြီးတော့ပေါ့၊ ရွှေလှမောင်က လက်နက်မှောင်ခိုမှုနဲ့ ထောင်ကျဖူးတယ်။”ဟု တောင်ကြီးအခြေစိုက် သတင်းရင်းမြစ်က ပြောဆိုသည်။
မြေကွက်များ သိမ်းယူရန် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ၎င်း၏ လူယုံများ ဖြစ်သည့် မြေစာရင်း ဝန် ထမ်း အချို့နှင့် ရှေ့နေများကို ခေါ်ဆောင်လာပြီး မြေတိုင်းတာခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းကဲ့သို့ လမ်းမြေကို ကျူးကျော်ကာ ကိုယ်ပိုင်မြေအဖြစ် ပြုလုပ်ရန် စီစဥ်နေမှုအပေါ် ရပ်ကွက်နေ ပြည်သူများက မြေစာရင်းဌာနသို့ ကန့်ကွက်ရန် စီစဥ်ခဲ့သော်လည်း တရားသူကြီးချုပ်မြေ ဖြစ်၍ မကန့်ကွက်ရန်ုရွှေလှမောင်က ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရှိရသည်။
” ရွှေလှမောင်က ပြောတာ တရားသူကြီးဟာ ဖြစ်တော့ ကန့်ကွက်လည်း မထူးဘူးပေါ့၊ လူကြီး မုန်းတာပဲ ခံရမယ်။ တရားသူကြီးချုပ်ဆိုတာ အစိုးရပြောင်းလည်း မပြောင်းရဘူး၊ အကြာကြီး ဆက်ရှိနေဦးမှာ ဆိုတော့ လူကြီးမုန်းတာ မခံရစေနဲ့လို့ ပြောတာ။” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
သို့သော်လည်း လမ်းမြေကို ဂရန်ဖောက်၍ ကိုယ်ပိုင်သိမ်းရန် ဆက်လုပ်ပါက ရပ်ကွက်နေပြည်သူများက ကန့်ကွက်ကြမည်ဖြစကြောငး သိရှိရသည်။
သန်းဦးလွင်မှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ တွင်စစ်တပ်က ခန့်အပ်ထားသော ရှမ်းပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ် ဖြစ်လာသူဖြစ်ကြောင်း၊ သန်းဦးလွင်မှာ ယခင် ရပခ စစ်တိုင်း၏ ဥပဒေဌာနတွင် ဦးစီးအရာရှိ(ပထမတန်း) အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ကြောင်း သိရှိရသည်။
သန်းဦးလွင်သည် နွေဦးတော်လှန်ရေး ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူများကို တောင်ကြီး ပျူစောထီးခေါင်းဆောင် သန်းရွှေနှင့် ပူးပေါင်း၍ ပြင်းထန်သော ပြစ်ဒဏ်များ ကျခံစေခြင်း၊ အဓမ္မငွေကြေး တောင်းခံခြင်းများကို လုပ် ဆောင် ခဲ့သူဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




