30 C
Yangon

ထိုင်းနိုင်ငံ ချွန်ပူရီတွင် မြန်မာနိုင်ငံသား ၁၀၀ နီးပါး အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွား၊ ထိုင်းရောက် မြန်မာများ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာရန် NUG အသိပေးပန်ကြား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်အတွင်းရှိ မြန်မာအလုပ်သမား ၁၀၀ နီးပါးခန့်က လမ်းမပေါ်တွင် အုပ်စုဖွဲ့ကာ ရုန်းရင်းဆန်ခတ် ခိုက်ရန်ဖြစ်ပွားခဲ့ကြသဖြင့် အနီးနားရှိ ထိုင်းဒေသခံများမှာ စိုးရိမ်ထိတ်လန့်ခဲ့ကြရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၁၁ နာရီဝန်းကျင် ချွန်ပူရီခရိုင်၊ ဖန်ထောင်မြို့နယ် (Phan Thong)၊ ဘန်ကောင်းတိုက်နယ်ရှိ ကွန်ဒိုအဆောင်တစ်ခု၏ ရှေ့တွင် မြန်မာလုပ်သား အုပ်စုနှစ်စုသည် လက်နက်ကိုယ်စီဖြင့် အပြန်အလှန် လိုက်လံရိုက်နှက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အုပ်စုဖွဲ့ ရိုက်နှက်မှုဖြစ်စဉ်ကို ဖန်ထောင်ရဲစခန်းမှ တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးအဖွဲ့များ အခင်းဖြစ်ပွားရာသို့ ချက်ချင်းသွားရောက် စစ်ဆေးခဲ့ပြီး ရန်ပွဲအတွင်း ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ကာ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရကြောင်း၊ မျက်မြင် သက် သေများ၏ ပြောကြားချက်အရ လူအင်အားအများအပြားဖြင့် တစ်ဖက်နှင့်တစ်ဖက် လမ်းလယ်တွင် အော်ဟစ်ဆဲဆို လိုက်လံတိုက်ခိုက်နေကြသဖြင့် လမ်းသွားလမ်းလာများနှင့် အနီးနားရှိ ဒေသခံများမှာ ကြောက်လန့်တုန်လှုပ်ခဲ့ကြရကြောင်း ထိုင်းသတင်းများတွင် ပါရှိသည်။

လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့အနေဖြင့် အခင်းဖြစ်ပွားရာရှိ CCTV မှတ်တမ်းများကို စစ်ဆေးနေပြီး၊ ထွက်ပြေးတိမ်းရှောင်နေသည့် ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ အရေးယူနိုင်ရန် အပူတပြင်း လိုက်လံစုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် မြန်မာအလုပ်သမားများက ထိုင်းနိုင်ငံသား Rider ကို ဝိုင်း ဝန်း ရိုက်နှက်မှု ဖြစ်ပွားခဲ့၍ မြန်မာအလုပ်သမားများက ဝန်ချ တောင်းပန်ခဲ့သဖြင့် ပြဿနာပြေလည်ခဲ့သော်လည်း ထိုင်းမျိုးချစ်အဖွဲ့များက မြန်မာများကို ပစ်မှတ်ထား စစ်ဆေးမှုများ လုပ်လာကြောင်း၊ ထိုင်းရောက်မြန်မာနိုင်ငံသားများ အထူးသတိထားနေ ထိုင်ကြရန် ရွှေ့ပြောင်းအလုပ်သမားများအရေးကူညီပေးသူများက နှိုးဆော်ထားသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရကလည်း မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခြင်း မပြုရန်၊ တရားဥပဒေနှင့် မညီညွတ်သော မည်သည့်ကိစ္စရပ်မျိုးတွင်မဆို ပါဝင်ပတ်သက်ခြင်း မပြုဘဲ ထိုင်းနိုင်ငံ၏ ဥပဒေ၊ စည်းမျဉ်း၊ ယဉ်ကျေးမှုနှင့် ဒေသန္တရစည်းကမ်းများကို လေးစားလိုက်နာရန်၊ အိမ်ရှင်လူ့အဖွဲ့အစည်း၏ တန် ဖိုးထားမှု၊ လူနေမှုပုံစံများနှင့်အညီ သဟဇာတဖြစ်စွာ လိုက်လျောညီထွေ နေထိုင်ကြရန် ထိုင်းရောက်မြန်မာများအတွက် အသိပေးပန်ကြားစာကို ယနေ့ ဇန်နဝါရီလ ၁၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article