30 C
Yangon

ရန်ကုန်-ပြည်လမ်းရှိ စစ်တပ် စခန်းများနှင့် ကင်းစခန်းများ တိုက်ခိုက်ခံရပြီးနောက် ညအချိန် လမ်းအသုံးပြုခွင့် ပိတ်ပင်ရန်ရှိနေကာ လုံခြုံရေး အထူးတင်းကျပ်လာ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ပဲခူးတိုင်း၊ ရန်ကုန်-ပြည်လမ်းရှိ အကြမ်းဖက် စစ်တပ် စခန်းများနှင့် ကင်းစခန်းများ တိုက်ခိုက်ခံရပြီးနောက် ညအချိန် လမ်းပိုင်း သွားလာခွင့် ကန့်သတ်ရန်ရှိနေကာ လုံခြုံရေး အထူးတင်းကျပ်လာကြောင်း တပ်တွင်းသတင်းရင်းမြစ်နှင့် ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့မှ စတင်ပြီး ရန်ကုန်-ပြည်လမ်းရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်းများနှင့် ကင်းစခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဆက်တိုက် ဝင်ရောက် တိုက်ခိုက်နေခြင်းကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း၊ ထို့ကြောင့် အကြမ်းဖက် စစ်တပ်က ရန်ကုန်-ပြည်လမ်းတွင် ညအချိန် သွားလာခွင့် ကန့်သတ်ရန်နှင့် မသင်္ကာသည့် ကားများကို ပစ်မိန့်ပေးရန်ရှိနေကြောင်း၊ လုံခြုံရေး အထူးတင်းကျပ်ရန် ညွှန်ကြားထားကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ထိုသို့ လမ်းပိုင်းသွားလာခွင့် ကန့်သတ်ရန်ကို လတ်တလော အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ညနေ ၅ နာရီ အထိသာ သွားလာခွင့်ပြုရန်ရှိနေကြောင်း၊ ထို့ပြင် ညအချိန် သွားလာသည့် ကားများကိုလည်း မသင်္ကာပါက ပစ်ခတ် ဖမ်းဆီးနိုင်သည်ဟု စစ်တပ်က အမိန့်ပေးရန်ရှိနေကြောင်း၊ ရန်ကုန်-ပြည် လမ်းပိုင်းတစ်လျှောက်ရှိ စစ်တပ် စခန်းများနှင့် ကင်းစခန်းများတွင် လုံခြုံရေးအင်အားများ ပိုမိုတိုးမြှင့်ကာ လှည့်ကင်းများ၊ ပတ်ကင်းများဖြင့် လုံခြုံရေး အထူးတပ်ကြပ်ရန် အပါအဝင် တိုက်ပွဲဖြစ်ပွားပါက စစ်ကူများ အချိန်မီပေးပို့ရန်လည်း ညွှန်ကြားထားကြောင်း သိရှိရသည်။

“အခုရက်ပိုင်းက ရန်ကုန်-ပြည်လမ်းမှာ ရှိတဲ့ စစ် စခန်းနဲ့ ကင်းစခန်းတွေက ဆက်တိုက် တိုက်ခိုက်လာရတော့ အောက်ခြေမှာ လမ်းပိုင်း လုံခြုံရေးတာဝန်ကျနေတဲ့ အရာရှိတွေကို အထက်က ဖိနေတာ သူတို့ ပြောပြချက်အရ လမ်းပိုင်းသွားလာခွင့်တွေ ကန့်သတ်ဖို့နဲ့ စခန်းမှာ လုံခြုံရေးအင်အား တိုးမြှင့်ထားဖို့ အဓိက ဖိအားပေးတယ်လို့ သိရတယ်။ လမ်းပိုင်းသွားခွင့်ကို ညနေ ၅ နာရီ အထိပဲ ပေးမယ်ဆိုပြီး သတင်းထွက်ပေးမယ့် အချိန်အတိအကျတော့ စာနဲ့ ထုတ်ပြန်တာမရှိသေးဘူး။ နောက်ပြီး ညဘက်သွားနေတဲ့ ကားတွေကိုလည်း မသင်္ကာရင် ပစ်ခတ် ဖမ်းဆီးဖို့လည်း ညွှန်ကြားထားတယ်လို့ သိရတယ်။ တိုက်ပွဲဖြစ်ရင်လည်း စစ်ကူချက်ချင်းပေးနိုင်ဖို့ လှည့်ကင်းတွေနဲ့ ပတ်ကင်းတွေ အချိန်ခြားပြီး အမြဲပတ်နေလို့ အဓိကညွှန်ကြားတယ်လို့ သိရတယ်” ဟု ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့တွင် မင်းလှမြို့နယ်၊ ရန်ကုန် – ပြည် အမြန်လမ်းပိုင်း အုတ်တွင်းကျေးရွာအနီးရှိ စစ်ကွင်းတာဆုံ နှင့် တာဆုံအနီး ဘုရားတွင် အင်အား ၅ဝ ခန့်ဖြင့် တပ်စွဲ ထားသော စစ်တပ် ဂိတ်စခန်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး၊ ပျူစောထီးခေါင်းဆောင် တေဇာညွန့် အပါအဝင် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးခဲ့ကြောင်း၊ အလားတူ ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း ကြို့ပင်ကောက်မြို့နယ်၊ မြို့လယ်ချောင်း ဘုရားဝင်းအနီးရှိ စစ်တပ်ဂိတ်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ စစ်စခန်းများကို တိုက်ခိုက်ခဲ့သော တော်လှန်ရေးတပ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ စစ်စခန်းများကို တိုက်ခိုက်ခဲ့သော တော်လှန်ရေးတပ်များ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article