ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Lente ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ဖလမ်းမြို့နယ်၊ Lente ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိ သော်လည်း နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။
“ဖလမ်းမြို့နယ်၊ Lente ကျေးရွာကို စစ်ခွေးတွေက လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူတွေတော့ ထိခိုက်တာမရှိပါဘူး။ နေအိမ်တွေတော့ ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း ဖလမ်းမြို့နယ် သီးဘွာလ်ကျေးရွာရှိ တိုက်နယ်ဆေးရုံကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ဆေးရုံ အဆောက်အဦးများ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇန်နဝါရီလ ၉ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ဟားခါးမြို့နယ် Ruan ရွာကို လေယောဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






