ပြည်ပဩဇာခံယူလျှင် နိုင်ငံရေးပါတီမှတ်ပုံတင်ကိုပါ ပယ်ဖျက်ရမည်ဟု စစ်တပ်က ဆက်လက် ထုတ်ပြန်
ရန်ကုန်၊ ဇန်နဝါရီ ၁၅
ပြည်ပသံရုံးတစ်ခုနှင့် Mask တပ်ပြီး လျှို့ဝှက်စွာ သွားရောက် တွေ့ဆုံမှုဖြင့် ပြည်သူ့ရှေ့ ဆောင်ပါတီ- PPP ဥက္ကဋ္ဌ သက်သက်ခိုင်နှင့် အဖွဲ့ဝင် ထက်ထက်လှိုင်တို့ကို အရေးယူမည်ဖြစ်ကြောင်း အကြမ်းက် စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာ သည်။
ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ထက်ထက်လှိုင်တို့က စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံသို့ ခွင့်ပြု ချက် တင်ပြခြင်းမရှိဘဲ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ ရန်ကုန် တိုင်း၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် ပြည်ပသံရုံး တစ်ရုံးမှ ပုဂ္ဂိုလ်တချို့နှင့် Mask တပ်ဆင်ပြီး တရားမဝင် လျှို့ဝှက် တွေ့ဆုံခဲ့သည်ဟု သတင်းပို့ တိုင်ကြားမှု ရှိခဲ့ကြောင်း၊ အထက်ပါ အကြောင်းအရာနှင့်ပတ်သက်ပြီး စုံစမ်းစစ် ဆေးမှု ပြုလုပ်ခဲ့ရာ မှန်ကန်ကြောင်း တွေ့ရှိရသည့်အပြင် သက်သက်ခိုင်နှင့် ထက်ထက်လှိုင်တို့ကလည်း မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု စစ်တပ်က ထုတ်ပြန်သည်။
ထို့ကြောင့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ထက်ထက်လှိုင်တို့ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်တပ်က ဆိုသည်။
ယင်းအပြင် နိုင်ငံရေးပါတီများအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၀၇ (ဂ)၊ ပုဒ်မ ၄၀၈ နှင့် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ (စ)ပါ ပြဋ္ဌာန်းချက်အရ ပြည်ပဩဇာခံယူခြင်းမပြုရ ဆိုသော ပြဋ္ဌာန်းချက်ကို စောင့်ထိန်းလိုက်နာရန် တာဝန်ရှိပြီး လိုက် နာ ရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း စစ်တပ်က ဆိုသည်။
နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန်ရှိပါက ရွေး ကောက်ပွဲကော်မရှင်ထံသို့ ကြိုတင် တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ တွေ့ဆုံရန်ဖြစ်ကြောင်း၊ သင့်လျော်သည့်အစီအမံဖြင့် စိစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း စစ်တပ်က ဆက်လက် ထုတ်ပြန်ပြောဆိုထားသည်။
သက်သက်ခိုင်က စစ်တပ်၏ ရွေးကောက်ပွဲမှာ တန်းတူညီမျှမရှိကြောင်း၊ ဒိုင်လူကြီးဖြစ်သော စစ်တပ်မှ စစ်ဗိုလ်ချုပ်များကိုယ်တိုင် ရွေးကောက်ပွဲဝင်ပြိုင်နေ၍ တန်းတူညီမျှမှုမှာ မေးခွန်းထုတ်စရာဖြစ်ကြောင်း၊ စစ်တပ်မှာ နိုင်ငံရေးပါတီတစ်ခု၏ လက်ကိုင်တုတ်မဖြစ်သင့်ကြောင်း ထုတ်ဖော်ပြောဆိုပြီးနောက် ယခုကဲ့သို့ စစ်တပ်၏ ဖမ်းဆီးမှု ခံလာရခြင်းဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




