30 C
Yangon

တိုင်းရင်းသားလက်နက်ကိုင်များက အသိဉာဏ်နည်းပါး လမ်းလွဲနေသော လူငယ်များကို သွေးထိုးမြှောက်ပင့်၍ တိုက်ပွဲများ ဖော်ဆောင် နယ်မြေချဲ့ထွင်နေဟု မင်းအောင်လှိုင်က ထပ်မံအပြစ်ဖို့

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မြန်မာနိုင်ငံရှိ တချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အသိဉာဏ်နည်းပါး လမ်းလွဲနေသော လူငယ်လူရွယ်များကို သွေးထိုးမြှောက်ပင့်၍ တိုက်ပွဲများ ဖော်ဆောင် နယ်မြေချဲ့ထွင်နေဟု မင်းအောင်လှိုင်က ထပ်မံအပြစ်ဖို့ ပြောဆိုပြန်သည်။

၇၄ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော အကြမ်းဖက် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်၏ ပေးပို့စာတွင် အထက်ပါအတိုင်း အပြစ်ဖို့ ပြောဆိုလာခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် တစ်ပါတီအာဏာရရေး မသမာမှုများ လုပ်ကိုင်ခဲ့၍ စစတပ်က တာဝန်ယူခဲ့ရကြောင်း၊ ယင်းအခြေအနေအပေါ် အခွင့်အကောင်းယူကာ ဆန့်ကျင်ဘက် အဖွဲ့အစည်းများက နိုင်ငံအတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်လာစေရန်အတွက် လက်နက် ကိုင်လမ်းစဉ်ကို ကျင်သုံးခဲ့ကြပြီး နိုင်ငံအနှံ့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ် ဆောင်ခဲ့ကြကြောင်း မင်းအောင်လှိုင်က ပြောသည်။

ယင်းအပြင် တချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း အသိဉာဏ်ပညာနည်းပါး ၍ လမ်းလွဲရောက်နေသည့် လူငယ်လူရွယ်များကို​ သွေးထိုးမြှောက်ပင့်၍ တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း၊ ပြည်ပနိုင်ငံကြီးတချို့နှင့် ပြည်တွင်းသစ္စာဖောက်တို့၏ ပယောဂမျိုးစုံသည်လည်း မီးလောင်ရာ လေပင့်ဖြစ်ပြီး ယခုကာလအထိ မတည်မငြိမ်ဖြစ်နေရသည်များမှာ အထူးသတိထားသင့်သည့်အချက်ပင်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။

ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဖွံ့ဖြိုးတိုးတက်မှု နှေးကွးနှောင့်နှေးအောင် ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကပင် လုပ်ဆောင်မှုများသည် အရုပ်ဆိုးအကျဉ်းတန်သလို သမိုင်းတွင် အမည်းစက်အဖြစ် ကျန်ရစ်ခဲ့မည်သာ ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုထားသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော လူငယ်ဖိုရိမ်ပွဲတွင်လည်း တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင် လှိုင်က NUG နှင့် CRPH ကို အပြစ်ဖို့ခဲ့ပြီး လူငယ်လူရွယ်များကို လက်နက်ကိုင်လမ်းစဉ်ဆီသို့ တွန်းပို့ခဲ့ကြောင်း၊ အပြစ်တင်ပြောဆိုခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article