27 C
Yangon

မော်လိုက်မြို့နယ်တွင် မဲရုံစောင့် လုံခြုံရေး တာဝန်ကျနေသော စစ်မှုထမ်းတပ်သားသစ် ၃ ဦးက လက်နက်များယူဆောင် အလင်းဝင်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် မဲရုံစောင့် လုံခြုံရေး တာဝန်ကျနေသော စစ်မှုထမ်းတပ်သားသစ် ၃ ဦးက လက်နက်များယူဆောင် အလင်းဝင်လာကြောင်း မော်လိုက်ခရိုင်အမှတ် ၄ တပ်ရင်းထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ မော်လိုက်မြို့နယ်၊ မိုးကောင်းကျေးရွာရှိ မိုးကောင်းဘုန်းကြီး ကျောင်းတွင် ဖွင့်လှစ်ထားသော မိုးကောင်းရွာမဲရုံအတွက် တာဝန်ကျနေသော စစ်မှုထမ်းတပ်သားသစ် ၃ ဦးက မော်လိုက်ခရိုင်အမှတ် ၄ တပ် ရင်းမှ ရဲဘော်များ၏ ကူညီမှုဖြင့် သေနတ် ၃ လက်၊ ခဲယမ်းများနှင့်အတူ အလင်း ဝင်လာကြောင်း သိရှိရသည်။

အဆိုပါ စစ်မှုထမ်းတပ်သား ၃ ဦးမှာ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရသူများဖြစ်ပြီး ပြည်သူ့ရင်ခွင်အဖွဲ့နှင့် ချိတ်ဆက်ကာ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်တပ်ဘက်မှ စစ်သားများနှင့်စစ်မှုထမ်းတပ်သားများက တော် လှန်ရေးတပ်များထံတွင် တောက်လျှောက်ဆိုသလို အလင်းဝင်ရောက်နေကြရာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း အလင်းဝင်ပူးပေါင်းသူနှင့် လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၁၄၁ ဦး ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က သတင်းထုတ်ပြန် သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ အလင်းဝင်ပူးပေါင်းနှင့် လက်နက် ချ စစ်သုံ့ပန်း စုစုပေါင်း ၂၅၇၈ ဦးထိရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားသော သတင်းအချက် အလက်များအရ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article