30 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ပြည်ပသံရုံးတစ်ခုနဲ့ Mask တပ်ပြီး လျှို့ဝှက်စွာ သွားရောက်တွေ့ဆုံမှုနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ- PPP ဥက္ကဋ္ဌ သက်သက်ခိုင်နဲ့ အဖွဲ့ဝင် ထက်ထက်လှိုင်တို့ကို အရေးယူမယ်လို့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။
  • စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်က ဒုဗိုလ်မှူးကြီးအောင်ကျော်စွာ နဲ့အဖွဲ့က စစ်လေယာဉ်တွေနဲ့ ကုန်ပစ္စည်းနဲ့ ခရီးသည်တွေတင်ကာ ကိုယ်ကျိုးစီးပွားရှာနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရှမ်းကွင်းရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၃ ခုကို ဝင်ရောက်စီးနင်းကာ ပြည်သူတွေကို ရွာပြင်ပေးမထွက်တော့ဘဲ ရွာလုံးကျွတ်ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အမေရိကန်မှာ အစိုးရထောက်ပံ့ကြေးယူနိုင်ခြေရှိတယ်ဆိုကာ မြန်မာနိုင်ငံ၊ထိုင်းနိုင်ငံ အပါအဝင် ၇၅ နိုင်ငံက နိုင်ငံသားတွေအတွက် အခြေချဗီဇာတွေ ထုတ်ပေးမှုတွေကို ရပ်ဆိုင်းလိုက်ကြောင်း အမေရိကန်အစိုးရက သတင်းထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article