30 C
Yangon

ဒဂုံမြို့သစ်တောင်ပိုင်း ၊ ၆၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်အောင်နှင့်အဖွဲ့က လူငယ်များကို လိုက်လံ ဖမ်းဆီးပြီး စစ်မှုထမ်းလိုအပ်နေသော ရပ်ကွက်များသို့ စစ်မှုထမ်းလူစားထိုးအဖြစ် လူငယ် ၁ ဦးလျှင် သိန်း ၆၀ နှုန်းဖြင့် စီးပွားဖြစ် ရောင်းချနေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၆၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်အောင်နှင့်အဖွဲ့က လူငယ်များကို အိမ်စီးကားများဖြင့် လိုက်လံ ဖမ်းဆီးပြီး စစ်မှုထမ်းလိုအပ်နေသော ရပ်ကွက်များသို့ လူငယ် ၁ ဦးလျှင် သိန်း ၆၀ နှုန်းဖြင့် ရောင်းချနေကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အင်း၀အိမ်ရာ ၆၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်အောင်နှင့် ပျူစောထီးများက ဒဂုံမြို့သစ် ၄ မြို့နယ်အတွင်း အိမ်စီးကားများဖြင့် လှည့်လည်ကာ လူ ငယ်များကို အိမ်စီးကားပေါ်သို့ အတင်းအကျပ် ဆွဲတင်၍ စစ်မှုထမ်းစုဆောင်းကြောင်း၊ စုဆောင်းရရှိသော လူငယ်များကို စစ်မှုထမ်းလိုအပ်နေသော ရပ်ကွက်များ၊ စစ်မှုထမ်းအဖြစ် တာဝန်ထမ်းရမည့် မိသားစုများအတွက် လူစားထိုးအဖြစ် ရောင်းချနေကြောင်း၊ စစ်မှုထမ်းလူစားထိုးအဖြစ် လူငယ်တစ်ဦးလျှင် ငွေကျပ် သိန်း ၆၀ နှုန်းဖြင့် ရောင်းချနေကြောင်း သိရှိရသည်။

“သားက ည ၇ နာရီ ထမင်းဆိုင်မှာ ထမင်းထွက်ဝယ်တာ။ အဲဒါကို ၆၆ ရပ်ကွက်အုပ်ကြီးနဲ့ အဖွဲ့က သားကို ကားပေါ် အတင်းတင်ပြီး ဖမ်းသွားတယ်။ ပြီးတော့ စစ်မှုထမ်းလိုနေတဲ့ ၂၂ ရပ်ကွက်ကို သိန်း ၆၀ နဲ့ရောင်းလိုက်တယ်။ ငွေနဲ့ လိုက်ရွေးတော့လည်း ရွေးမရတော့ဘူး။ အခု စစ်မှုထမ်း အပတ်စဉ် ၂၁ မှာ ပါသွားတယ်” ဟု ဖမ်းဆီးခံလူငယ်တစ်ဦး၏ မိဘတစ်ဦးက ရှင်းပြသည်။

အမှတ် ၆၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး မြင့်အောင်မှာ ပျူစောထီးအဖွဲ့သားများနှင့်အတူ နေ့ရောညပါ အိမ်စီးကားများဖြင့် လူငယ်များကို လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း၊ ထိုသို့ လူငယ်များကို လိုက်လံဖမ်းဆီးနေမှုကို မြို့နယ်နှင့်စစ်တပ်က သိရှိသော်လည်း ၎င်းတို့ပါ ဝေစု ငွေကြေး ရရှိနေသောကြောင့် တစ်စုံတစ်ရာ ဟန့်တားခြင်းမရှိကြကြောင်း သိရှိရသည်။

” အပြစ်မရှိတဲ့ လူငယ်တွေကို ဖမ်းပြီး ငွေနဲ့ စစ်တပ်ထဲရောင်းစားနေတာ။ တားမယ့်လူလည်း မရှိကြတော့ဘူး” ဟု အင်းဝအိမ်ရာ ၆၆ ရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရောင်းစားနေသည့် ဒဂုံတောင် ၆၆ ရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင်နှင့်ပတ်သက်၍ ပြည်သူများက တိုင်ကြားလိုကြသော်လည်း မြင့်အောင်က ပြန်လည် ဒုက္ခပေးမည်ကို စိုးရိမ်နေကြသဖြင့် တိုင်ကြားသူမရှိဖြစ်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article