ရန်ကုန်၊ ဇန်နဝါရီ ၁၅
မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှ စစ်တပ် လက်အောက်ခံ ပျူစောထီး ခေါင်း ဆောင် သီတာယုမွန်၏ ခင်ပွန်းဖြစ်သူစိန်လွင်ကို စိတ်ကြွမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ ဒုတပ်ရင်းမှူး ကိုမင်းသားကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း မြင်းခြံ- ပုဂံညောင်ဦးလမ်းတွင် ပုဂံညောင်ဦးသို့ အပန်း ဖြေခရီးထွက်လာသော နာမည်ကျော် ပျူစောထီးခေါင်းဆောင် သီတာယုမွန်၏ ခင်ပွန်း စိန်လွင်ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိကြောင်း သိရှိရသည်။
” သူ့ကို ဖမ်းမိတာက မြင်းခြံ-ပုဂံ-ညောင်ဦး လမ်းပေါ်မှာ ဖမ်းမိတာပါ။ သူ့ကို တစ် ဦးတည်းကိုပဲ ဖမ်းမိတာပါ။ မူးယစ်ဆးဝါးပဲ သိမ်းဆည်းရမိတယ်။ ကားရယ် မူးယစ်ဆးဝါးရယ် လူရယ်ပဲ မိပါတယ်။ ငွေသား အချို့အနည်းငယ်ပါမယ်။ လက်နက်ခဲယမ်းမပါပါဘူး။ သူနဲ့အတူ ကားနဲ့ မူးယစ်ဆေးဝါးရယ် ငွေသားအချို့ အနည်းငယ်လည်း သိမ်းဆည်းရမိတယ်။ သူကို ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်၈နာရီခွဲ ၉ နာရီလောက်မှာ ဖမ်းမိတာပါ။ ကျနော်တို့ မျှမျှတတ တရားမျှတာမှုရှိစွာနဲ့ပဲ ဆက်လက်ပြီးတော့ အရေးယူဆောင်ရွက်သွားမှာပါ” ဟု မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ ဒုတပ်ရင်းမှူး ကိုမင်းသားကြီးကပြောဆိုသည်။
သီတာယုမွန်၏ ခင်ပွန်း စိန်လွင်ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိသည့်အပြင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ထုတ်ပေးထားသော ဒုတိယပျူစောထီးခေါင်းဆောင်အဖြစ် သက်သေခံကတ်ပြားကိုလည်း သိမ်းဆည်းရရှိကြောင်း၊ သီတာယုမွန် အမျိုးသားမှာ ပျူစောထီး ခေါ် ပြည်သူ့စစ် ဒုတိယ ခေါင်းဆာင်လည်းဖြစ်ကြောင်း သိရှိရသည်။
ပျူစောထီးခေါင်းဆောင် သီတာယုမွန်မှာ သူ၏ ခင်ပွန်း စိန်လွင် ပျောက် ဆုံးနေ၍ KTV တွင်သာ ရှိမည်ထင်ပြီး ကား ၃ စီးနှင့် လှည့်ပတ်ရှာဖွေလျက်ရှိကြောင်း သိရှိရသည်။
မြင်းခြံမြို့နယ်တွင် စစ်တပ်၏ လက်နက်တပ်ဆင်ပေးမှုဖြင့် သီတာယုမွန်ဆိုသော အမျိုးသမီးက ပျူစောထီး အဖွဲ့ကို ဖွဲ့စည်းကာ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ တော်လှန်ရေးတပ်များကို တိုက်ခိုက်ခြင်း၊ တော်လှန်ရေးနှင့်ဆက်နွယ်နေသော ပြည်သူများကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း၊ စစ်တပ်နှင့်အတူ စစ်ကြောင်းထိုးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








