30 C
Yangon

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်သုံ့ပန်း ၂၀ နီးပါး ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေပြီး စစ်သုံ့ပန်း ၂၀ နီးပါး ဖမ်းဆီးရရှိထားကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုဇန်နဝါရီလအတွင်း ဗန်းမော်မြို့တွင် စစ်တပ်နှင့် KIA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ တကျော့ပြန် ပြန်လည် ပြင်းထန်နေကြောင်း၊ အထူးသဖြင့် စစ်တပ်က ခံစစ်အဖြစ် ခုခံနေသော စကခ ၂၁ ၊ ဗန်းမော်လေယာဉ်ကွင်းပတ်ဝန်းကျင်၊ ခလရ ၄၇ တပ်ရင်း၊ ထောက်ပို့တပ် ၉၃၃ နှင့် ဗန်းမော်မြို့ပြင်နေရာများတွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း၊ စစ်တပ်ဘက်မှ လက်နက်ချသော စစ်သုံပန်း ၂၀ နီးပါး ဖမ်းဆီးရရှိထားကြောင်း သိရှိရသည်။

“ဗန်းမော်တိုက်ပွဲက နေ့တိုင်းပြင်းထန်နေတာပါ။ လေကြောင်းတိုက်ခိုက်မှုနဲ့ သူတို့ဘက်က ခေတ်မီတဲ့ ဒရုန်းတွေ အရမ်းသုံးပါတယ်။ ကျနော်တို့ဘက်ကလည်း မြေပြင်မှာ ဖိပြီး ထိုး စစ်ဆင်နေပါတယ်။ အခုက သူတို့ဘက်က ခံစစ်၊ ကျနော်တို့ဘက်က ထိုးစစ်ဖြစ်နေတယ်။ အခုထိတော့ စစ်စခန်းကြီးကြီးမားမား သိမ်းတာမျိုးတော့ မရှိသေးပါဘူး။ ကာကင်းလောက် သူတို့ ပြန်ဆုတ်သွားတာမျိုးလေးတွေတော့ရှိတယ်။ လက်နက်ချတာနဲ့ ဖမ်းဆီးရရှိတာ စစ်သုံ့ပန်း ၂၀ လောက်ရှိပါတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

လေကြောင်းတိုက်ခိုက်မှုများကို စစ်တပ်က လုပ်ဆောင်နေရာတွင် ညဘက်ပိုင်း ညကြည့် မှန်ဘီလူးများ တပ်ဆင်ထားသော အဆင့်မြင့်ဒရုန်းများကိုပါ အသုံးပြုလာသဖြင့် တော်လှန်ရေးတပ်များ အထူးသတိထားရကြောင်း KIA သတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။

“သူတို့ဘက်ကသုံးတဲ့ ဒရုန်းတွေမှာ ညကြည့်မှန်ဘီလူးတွေပါတယ်။ အဲဒါကြောင့် နေ့ရော ညပါ လေယာဉ်ရော ဒရုန်းရော အရမ်းသတိထားရတယ်။ ဒရုန်းနဲ့ သယ်လာတဲ့ ဗုံးတွေကလည်း ဗုံးကြီးတွေ ပေါက်ကွဲမှုအားပြင်းတယ်။ ဒါပေမယ့် မြေပြင်စစ်ရေးမှာတော့ ကျနော်တို့ဘက်က အသာစီးရှိပါတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၁ နှစ်ကျော် ကြာမြင့်လာပြီဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article