26 C
Yangon

မြိုင်တွင် စစ်တပ်က အသက် ၇၀ အရွယ် အဘွားအို ၁ ဦးကို မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၇၀ ကျော်ကို မီးတင်ရှို့၊ မြင်းခြံတွင်လည်း စစ်တပ်က ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝင်ရောက် စီးနင်းကာ အသက် ၇၀ နှစ်အရွယ် အဘွားအို ၁ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန် ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ နှင့် ဇန်နဝါရီလ ၁၆ ရက်နေ့တို့တွင် မြိုင်မြို့နယ်ရှိ နှောပင်ကျေး ရွာကို အကြမ်းဖက် စစ်တပ်က အင်အား ၁၅၀ခန့်ဖြင့် ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းနောက် အသက် ၇၀နှစ်အရွယ် အဖွားအို ၁ ဦးကို မီးရှို့သတ်ပစ်ပြီး နေအိမ် အလုံး ၇၀ ကျော် မီးရှို့ခဲ့ကြောင်း၊ စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၈ ရွာမှ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေး တိမ်ရှောင်းနေရကြောင်း သိရှိရသည်။

“ဇန်နဝါရီလ ၁၃ ရက်နေ့ အင်ပင်ကျေးရွာကနေ ထွက်လာတဲ့ စစ်ခွေး စစ် ကြောင်းက ကုန်းထက်ကန်ကျေးရွာမှာ တစ်ဆင့် ကွမ်းသီးကန်တော်တိုက်ကို မီးရှို့တယ်။ ကိုင်းရွာပြီး ကိုင်းရွာမှာလည်း အိမ်ခြေ ၃၀လုံးလောက်မီးရှို့တယ်။ အဲဒီကနေ တစ်ဆင့် နှောပင်ကျေးရွာဝင်ရောက်ပြီး နေအိမ်များကို မီးရှို့တယ်။ စစ်ခွေးတွေက ၂ ကြိမ် ရှို့တာပါ။ နှောပင်ကျေးရွာမှာ အသက် ၇၀နှစ်အရွယ်ရှိသော အဘွားအို ၁ ဦးကို မီးရှို့ပြီး သတ်ပစ်တယ်။ ရွာထဲမှာတော့ စစ် ကြောင်းက ပြည်သူတွေကို ဖမ်းဆီးတာမျိုးတွေရှိတယ်။ နှောပင်ကျတော့ ပြည်သူ ၁၈ ဦး ဖမ်းဆီးခံရတယ်။ ဒါပေမယ့် ပြန်လွှတ်ခဲ့တယ်။ လက်ရှိမှာ စစ်ခွေး စစ် ကြောင်းက အနောက်ဘုန်းကန်ရွာကို ရောက်ရှိသွားပြီ၊ စစ်ခွေး စစ် ကြောင်း ကြောင့် နှောပင်ကျေးရွာ အပါအဝင် ကျေးရွာ ၈ ရွာမှ ပြည်သူ ၈၀၀၀ လောက် ထွက်ပြေး တိမ်းရှောင်နေရတယ်။ တချို့ပြည်သူတွေကတော့ ရွာထဲကို ပြန်နေပြီ။ တချို့ကတော့ တိမ်းရှောင်နေတုန်းပါ”ဟု မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန် ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်း မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ သင်ပြွန်းရွာသို့ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

“ပြည်သူတွေ ထိခိုက်တာ ၊ နေအိမ်တွေပျက်စီး မရှိပါဘူး။ေ တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ” ဟု မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီ မှ တာဝန်ရှိသူက ပြော ဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article