23 C
Yangon

ရုရှားက မြန်မာစစ်ကောင်စီနှင့် ချုပ်ဆိုထားသည့် ရင်းနှီးမြှုပ်နှံမှုသဘောတူ စာချုပ်ကို လွှတ်တော်သို့ အတည်ပြုချက်ရယူရန် တင်ပြ

Must read

🟥 ရုရှားက မြန်မာနိုင်ငံတွင် နူကလီးယားစီမံကိန်းနှင့်စွမ်းအင် အပါအဝင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ရန် နှေးကွေးနေဆဲ

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ရုရှားနှင့် မြန်မာနိုင်ငံအကြား ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးမည့် BIT သဘောတူစာချုပ်ကို ရုရှားနိုင်ငံတော် ဒူးမားလွှတ်တော်တွင် အတည်ပြုရန် တင်ပြထားကြောင်း ရုရှားသတင်းမီဒီယာများက သတင်းဖော်ပြသည်။

အဆိုပါစာချုပ်သည် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု အငြင်းပွားမှုများကို ဖြေရှင်းပေးမည့် လုပ်ထုံးလုပ်နည်းများကို အဓိက သတ်မှတ်ပေးမည် ဖြစ်ပြီး အဆိုပါစာချုပ်ကို ပြီးခဲ့သည့်နှစ် ဇွန်လက နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

နှစ်နိုင်ငံသဘောတူစာချုပ်အရ နှစ်နိုင်ငံနယ်မြေအတွင်းရှိ အပြန်အလှန် ရင်းနှီးမြှုပ်နှံထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ ရှယ်ယာများနှင့် ကုမ္ပဏီပိုင်ဆိုင်မှုများ၊ စာချုပ်နှင့် ကြွေးမြီများ၊ ငွေကြေးဆိုင်ရာ စာချုပ်ပါ အခွင့် အရေးများ၊ ငွေတိုက်စာချုပ်များ၊ ကြွေးမြီခံဝန်ချက်များနှင့် ချေးငွေများ၊မူပိုင်ခွင့် (Copyright)၊ မူပိုင်ခွင့်လက်မှတ် (Patents) နှင့် ကုန်အမှတ်တံဆိပ် (Trademarks) အပါအဝင် အသိဉာဏ်ပစ္စည်းဆိုင်ရာ အခွင့်အရေးများကို အကာအကွယ်ပေးမည်ဖြစ်သည်။

ယင်းအပြင် နှစ်နိုင်ငံ အခွန်သက်သာခွင့်နှင့် စီးပွားရေး အကျိုးကျေးဇူးများ ကိုလည်း ယင်းစာချုပ်တွင် ထည့်သွင်းထားပြီး ဝန်ဆောင်မှုကဏ္ဍတွင် လုပ်ကိုင်နေသည့် ကုမ္ပဏီများအတွက် ကော်ပိုရိတ်ဝင်ငွေခွန် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ရုရှားနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလျှင် ကော်ပိုရိတ်ဝင်ငွေခွန်မှာ ၂၅ ရာခိုင်နှုန်းကောက်ယူရန်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ကော်ပိုရိတ်ဝင်ငွေခွန်မှာ ၂၂ ရာခိုင်နှုန်းသာ ကောက်ယူမည်ဖြစ်သည်။

ရုရှားမှ ဝန်ဆောင်မှုပေးသည့် နိုင်ငံခြားကုမ္ပဏီများအတွက် မြန်မာနိုင်ငံတွင် အခွန်နုတ်ယူမှု (Withholding Tax) မှာ ၂.၅ သာ ကောက်ယူမည်ဖြစ်သောကြောင့် ရုရှားကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံပါက သိသိသာသာ အကျိုးအမြတ်ရရှိနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

အငြင်းပွားမှု ဖြေရှင်းရန်အတွက် အနုညာတစီရင်ခြင်း (Arbitration)ကိုလည်း ထည့်သွင်းထားပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက တစ်နှစ်အတွင်း တိုင်ပင်ညှိနှိုင်းမှုဖြင့် မပြေလည်ပါက UNCITRAL စည်းမျဉ်းအရ အပြည်ပြည်ဆိုင်ရာ အနုညာတစီရင်ရေးအဖွဲ့ သို့မဟုတ် ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ အနုညာတစီရင်ရေးဗဟိုဌာန (HKIAC) သို့ တင်ပြဖြေရှင်းနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါစာချုပ်သက်တမ်းမှာ ၁၅ နှစ် သက်တမ်းရှိမည်ဖြစ်ပြီး၊ စာချုပ်သက်တမ်းကုန်ဆုံးသွားလျှင်ပင် ယခင်က လုပ်ကိုင်ခဲ့သော ရင်းနှီးမြှုပ်နှံမှုများအတွက် နောက်ထပ် ၈ နှစ်အထိ အကာအကွယ်များ ဆက်လက်ပေးထားမည် ဖြစ်သည်ဟု သိရှိရသည်။

“အခုအချိန်အထိတော့ ရုရှားရင်းနှီးမြှုပ်နှံမှုတွေက အလုံးအရင်း လာတာမျိုး မရှိသေးဘူး။ သူတို့ ယူကရိန်းနဲ့စစ်ဖြစ်နေတာကြောင့်လည်းဖြစ်နိုင်တယ်။ တစ်ဖက်မှာလည်း အနောက်နိုင်ငံကြီးတွေက စီးပွားရေးပိတ်ဆို့ထားတော့ ရုရှားစီးပွားရေး နာလန်မထူတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ အခုထက်ထိတော့ ရုရှားဘက်က ရင်းနှီးမြှုပ်နှံတာ အတော်တော့ နည်းပါသေးတယ်” ဟု UMFCCI မှ စီးပွားရေးသတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

Russia’s President Vladimir Putin embraces Myanmar’s military chief Senior General Min Aung Hlaing during their meeting in Moscow, Russia, March 4, 2025. Pavel Bednyakov/Pool via REUTERS
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article