23 C
Yangon

တောင်ကြီးမြို့ရှိ အောင်မြေသစ်ကိုယ်ပိုင် အထက်တန်းကျောင်းပိုင်ရှင်၏ သားဖြစ်သူက Grade 12 ကျောင်းသူ ကိုမုဒိမ်းကျင့်၊ ရဲစခန်းတွင် အမှုဖွင့်ထား၍ လတ်တလော ကျောင်းပိတ်ထားရ

Must read

ရန်ကုန်၊ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ် တောင်ကြီးမြို့ သစ်တောရပ်ကွက်၊ ကျန်းမာရေးရုံးလမ်းမှာရှိတဲ့ အောင်မြေသစ်ပုဂ္ဂလိက ကျောင်းမှာ ကျောင်းပိုင်ရှင် ဦးမောင်မောင်ရဲ့ အသက် ၂၉ နှစ်အရွယ်ရှိသားဖြစ်သူ ဇာနည်သွေးက အဆောင်နေပြီး ကျောင်းလာတက်နေတဲ့ ကျောင်း သူတစ်ဦးကို မုဒိမ်းပြုကျင့်ခဲ့တယ်လို့ တောင်ကြီးဒေသ ပြည်သူတွေ ကပြောပါတယ်။

မုဒိမ်းပြုကျင့်ခံရတဲ့ ကျောင်းသူမှာ ဆီဆိုင်မြို့မှ Grade 12 အတန်း လာတက်ရောက်နေသူဖြစ်ပြီး ဇန်နဝါရီ လ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန် အဲဒီကျောင်းသူက ခေါင်းကိုက်နေတာကြောင့် ဆရာမထံ ခွင့်တောင်းပြီး အဆောင်မှာပြန်နားနေခဲ့ပါတယ်။ အဲဒီအချိန် မွန်းလွဲ ၁ နာရီလောက်မှာ ကျောင်းပိုင်ရှင်ရဲ့ သားဖြစ်သူ ဇာနည်သွေး ရောက်ရှိလာပြီး ခြိမ်းခြောက်ရိုက်နှိက်ကာ အလိုမတူဘဲ အဓမ္မ ပြုကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီကျောင်းသူမိန်းကလေးရဲ့ အရှက်ကို ငှဲ့တဲ့အနေနဲ့ မိဘဖြစ်သူတွေက ညှိညှိနှိုင်းနှိုင်းဆောင်ရွက်ဖို့ ကျောင်းပိုင်ရှင် ဦးမောင်မောင်ကို ပြောဆိုခဲ့ပေမယ့် ဦးမောင်မောင်က ဘယ်သူမှဂရုစိုက်ဘူးလို့ဆိုပြီး မောက်မောက်မာမာပြန်လည်ပြော ဆိုခဲ့၍ ညှိနှိုင်းလို့မရခဲ့ဘူးလို့ အဲဒီဖြစ်ရပ်ကို သိထားတဲ့ တောင်ကြီးဒေသခံတစ်ဦးကပြောသည်။

အဲဒီလိုညှိနှိုင်း၍ မရတာကြောင့် အောင်မြေသစ်ပုဂ္ဂလိက ကျောင်းမှာ ကျောင်း ပိုင်ရှင် ဦးမောင်မောင်ရဲ့ အသက် ၂၉ နှစ်အရွယ်ရှိ သားဖြစ်သူကို မနေ့ကပဲတောင်ကြီးရဲစခန်းမှာ မုဒိမ်းမှုနဲ့ အမှုဖွင့်လှစ်ခဲ့ပြီး နောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

လတ်တလော တာဝန်ရှိသူတွေက အဆိုပါ အောင်မြေသစ် ပုဂ္ဂလိက ကျောင်းကို ပိတ်ထားခိုင်းတယ်လို့ ဒေသပြည်သူတွေဆီကနေ သိရပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article