ဒီကနေ့ ဇန်နဝါရီ ၁၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ခေါင်းဆောင် မိသားစုအတွက် အဓိက ယတြာအစီအရင်တွေ ပြုလုပ်ပေးနေတဲ့ ၀စီပိတ်ဘုန်းကြီးဆီကို မင်းအောင်လှိုင်က ရုတ်တရက်သွား ရောက်ခဲ့ပြီး အဲ့ဒီလိုသွားရောက်မှုမှာ ရခိုင်ယတြာခေါင်းလောင်းကိစ္စ၊ တပ်နှင့် အစိုးရအ ပြောင်းအလဲ လုပ်ဖို့အတွက် ယတြာကိစ္စတွေ ပါဝင်နိုင်တယ်လို့ နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က သုံးသပ်ပြောပါတယ်။
- ခေတ်ဆိုးစနစ်ဆိုးထဲမှာ လူကောင်းတွေနဲ့ ပေါင်းပြီး နိုင်ငံပြုပြင်ပြောင်းလဲရေးကို မျှော်လင့်ထား တဲ့အတွက် လူကြိုက်များတဲ့ နိုင်ငံရေးပေါကား မရိုက်ဘူးလို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက လူမှုကွန်ရက်က တဆင့် ပြောဆိုခဲ့ပါတယ်။
- တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ် အတွင်း စစ်ကြောင်းထိုး လာတဲ့ အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁၀ ယောက်သေဆုံးခဲ့ တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အမေရိကန်သမ္မတ ဒေါနယ်လ် ထရမ့်ကဂရင်းလန်းနဲ့ ပတ်သက်ပြီး ဥရောပနိုင်ငံတွေကိုအခွန်တိုးမယ်လို့ ခြိမ်းခြောက်လာတာကြောင့် ဥရောပဘက်က “ဒီကိစ္စမှာတော့ ငါတို့ အားလုံး တစ်စုတစ်စည်းတည်း ရပ်တည်မယ်” လို့ ပြောလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




