ရန်ကုန်၊ ဇန်နဝါရီ ၂၂
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်သူများကို ပေါ်တာဆွဲပြီး ပြန်လာသော ပျူစောထီးများ လိုက်ပါလာသည့်ကားကို ပစ်ခတ်တိုက်ခိုက်ရာ ၈ ဦးသေဆုံးခဲ့ကြောင်း Rocet Fighter တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်ပန်းတောင်းမြို့နယ် ၊ ပွေးကြက်ကျေး ရွာမှ ပြည်သူများကို ပေါ်တာဆွဲပြီး ကျောက်ပန်းတောင်းမြို့သို့ သွားရောက် ပို့ဆောင်ကာ ပြန်လာသော ပျူစောထီး ခေါင်းဆောင် ဌေးလွင်ဦး နှင့် ပျူစောထီးများ လိုက်ပါလာသော ကား ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ကြပ်တင်းကန်ရွာနှင့် သစ်ဆက်ပင်ရွာ အကြားအရောက်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ပျူစောထီး ၈ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကျနော်တို့ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ၈ ဦး ပွဲချင်းပြီးသေတာကတော့ မျက်မြင်ပေါ့။ အခုရက်ပိုင်းအတွင်း ကျောက်ပန်းတောင်းလမ်း ပိုင်းမှာ ပြည်သူကားတွေ အနေနဲ့ စခကားတွေနောက်ကနေ ကပ်မလိုက်ဖို့မှာချင်ပါတယ်။ အခုတိုက်ခိုက်ခဲ့တာ အခုရက်ပိုင်းအတွင်းပဲ ဖွဲ့စည်းခဲ့တဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ချေမှုန်းခဲ့တာဖြစ်ပါတယ်” ဟု Rocet Fighter တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို RocketFighter ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ညောင်ဦးခရိုင် အမှတ် ၃ တပ် ရင်း၊ ညောင်ဦးခရိုင်အမှတ် ၄ တပ်ရင်း နှင့် Snipe Rangers Force (Local – PDF ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင်လည်း ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူး သန်းစိုးဆိုသူ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဇီးကုန်းမြို့နယ်၊ ဘုရားပျိုရွာမှ ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူး သန်းစိုးသည့် ကြို့ပင်ကောက်မြို့နယ်၊ ခုနှစ်ကျေးရွာကို လာရောက်စဉ် အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း သန်းစိုးသည် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကြို့ပင်ကောက်မြို့နယ် အတွင်း စစ်ရေးလှုပ်ရှားနေသော တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားခြင်းမရှိသေးဘဲ ဖြစ်စဉ်အသေးစိတ် သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်လက် စုံစမ်းလျက်ရှိသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




