25 C
Yangon

အမေရိကန်သမ္မတ ထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် အာဆီယံနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့ ပါဝင်လာ၍ မြန်မာ့အရေး တင်ပြနိုင်သော အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်ဟုဆို

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

အမေရိကန်သမ္မတ ထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် အာဆီယံနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့ ပါဝင်မည်ဟု ကြေညာလိုက်ကြသဖြင့် မြန်မာ့အရေး တင်ပြနိုင်သော အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်ကြောင်း စင်ကာပူ Channel News Asia သတင်းဌာနက သုံးသပ်ဖော်ပြထားသည်။

အင်ဒိုနီးရှားအစိုးရက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပေးပို့သည့် ဖိတ်ကြားချက်ကို လက်ခံပြီး “Board of Peace” ဟုခေါ်သည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ဝင်ရောက်ရန် သဘောတူလိုက်ကြောင်း သိရှိရသည်။

အလားတူ ဗီယက်နမ်နိုင်ငံကလည်း သမ္မတထရမ့်၏ ကမ်းလှမ်းချက်ကို လက်ခံပြီး ငြိမ်းချမ်းရေး ဘုတ်အဖွဲ့တွင် ပါဝင်မည်ဟု ကြေညာသည်။ အမေရိကန်သမ္မတထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင်ပါဝင်မည့် အင်ဒိုနီးရှားနှင့် ဗီယက်နမ် နိုင်ငံ ၂ ခုစလုံးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများလည်းဖြစ်ကြသည်။

အင်ဒိုနီးရှားအနေဖြင့် အမေရိကန်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့သို့ ဝင်ရောက်ခြင်းအားဖြင့် နိုင်ငံတကာအဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှုများတွင် အသံပိုမိုကြီးမားလာနိုင်ပြီး အထူးသဖြင့် မြန်မာနိုင်ငံအရေးကဲ့သို့ ကိစ္စများကိုပါ တင်ပြဆွေးနွေးနိုင်သည့် အခွင့် အလမ်းတစ်ခု ဖြစ်လာနိုင်ကြောင်း ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင်ပါဝင်သည့်ကိစ္စကို ထောက်ခံသူများက ဆိုကြသည်။

သို့ရာတွင် နိုင်ငံတကာအဆင့် သံတမန်ရေးအခွင့်အလမ်းတစ်ခုအဖြစ် မြင်သူများရှိသကဲ့သို့ နိုင်ငံခြားရေးအန္တရာယ်နှင့် ပြည်တွင်းနိုင်ငံရေးအကျိုးဆက်များဖြစ်လာနိုင်ကြောင်း သတိပေးနေသည့် ပညာရှင်များလည်းရှိနေသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၂ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ တူရကီ၊ အီဂျစ်၊ ဂျော်ဒန်၊ ပါကစ္စတန်၊ ကာတာ၊ ဆော်ဒီအာရေးဗီးယား၊ ယူအေအီးတို့ အပါအဝင် မွတ်စလင်နိုင်ငံအများစု၏ နိုင်ငံခြားရေးဝန်ကြီးများ ပူးပေါင်းထုတ်ပြန်သည့် ကြေညာချက်မှတစ်ဆင့် အမေရိကန်၏ Board of Peace သို့ ဝင်ရောက်ရန် ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

လတ်တလော အမေရိကန်သမ္မတ၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့သည် အစပိုင်းတွင် ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးကို စနစ်တကျ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သော်လည်း အနာဂတ်တွင် ဂါဇာအပြင် အခြား နိုင်ငံတကာအရေးအခင်းများအထိ ပါဝင်လာနိုင်သည့် အခန်းကဏ္ဍရှိလာကြောင်း ကျွမ်းကျင်သူအချို့က ရှုမြင်ထားသည်။

အမေရိကန်သမ္မတထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို ကုလသမဂ္ဂကို အစား ထိုးမည့် နိုင်ငံတကာအသင်းအဖွဲ့ကြီးတစ်ခုအဖြစ် နိုင်ငံတကာတွင် ရှုမြင်ပြီး တချို့သော နိုင်ငံများက အကြီးအကျယ် ကန့်ကွက်မှုများ လုပ်ဆောင်နေကြသည်။ သမ္မတထရမ့်ကမူ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် နိုင်ငံပေါင်း ၆၀ ကို ဖိတ်ခေါ်ထားပြီး ၂၅ နိုင်ငံက ပါဝင်ရန် သဘောတူညီစာရင်းပေးထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article