ရန်ကုန်၊ ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ ၁ တွင် လောက်ကိုင် – ချင်းရွှေဟော် ဒုတိယ အဆင့်လမ်းမကြီး (Secondary Road)ကို MNDAA က ဖောက်လုပ်လျက်ရှိပြီး မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း MNDAA က တရားဝင်သတင်းထုတ်ပြန်သည်။
၂၀၂၆ ခုနှစ်အတွက် အထူးဒေသ ၁ ၏ အဓိကပြည်သူ့အကျိုးပြု စီမံကိန်းတစ်ရပ်အဖြစ် လောက်ကိုင် – ချင်းရွှေဟော် Secondary Road (ဒုတိယအဆင့်လမ်းမကြီး) ဖောက်လုပ်လျက်ရှိကြောင်း၊ လက်ရှိ တွင် နမ့်ဟူထန် လမ်းကွေ့မှ တာရှီဂန်ဘ (Tar Shi Gan Ba) ဒေသအထိနှင့်ပါစင်ကျော် တောင်တန်း တစ် လျှောက်ဒေသများသည် အကြီးစား ဆောက်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော နေရာ များဖြစ်ကြောင်း သိရှိရသည်။
ယခုအခါ လမ်းပိုင်းအား အလုံးစုံ စုစည်းတည်ဆောက်မှုအဆင့် (Concentrated Construction Phase) သို့ ရောက်ရှိနေပြီဖြစ်ပြီး လမ်းခင်းအောက်ခံမြေ ခိုင်မာမှုရှိစေရန်အတွက် လုပ်ငန်းစဉ်အဆင့် တိုင်းတွင် “အရည်အသွေးကို ဦးစားပေး၊ ဘေးကင်းလုံခြုံရေးကို ပထမထား” ဟူသော စည်းမျဉ်းကို အပြည့်အဝလိုက်နာလျက် အောက်ခံမြေ ခိုင်မာရေးနှင့် လမ်းအကျယ်ချဲ့ခြင်းဆိုင်ရာ အဓိက လုပ်ငန်း များကို မှန်မှန်ကန်ကန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း MNDAA က ဆိုသည်။
အဆိုပါလမ်းသည် ကီလိုမီတာ ၃၀ ခန့် ရှည်လျားပြီး အရေးပါသော လမ်းပိုင်းဖြစ်သဖြင့် Secondary Road စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ လုပ်ငန်းပြီးစီးပါက ယခင်လမ်း ဟောင်း၏ အဆင့်နိမ့်ပါးခြင်း၊ ကျဉ်းမြောင်းခြင်းနှင့် ပျက်စီးယိုယွင်းမှုများပြားခြင်း၊ ယာဉ်ကြောပိတ် ဆို့ခြင်း စသည့် အခက်အခဲများကို ဖြေရှင်းနိုင်မည်ဖြစ်ကာ ဒေသတွင်း ခရီးသွားလာရေး၊ ကုန်စည်ပို့ ဆောင်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် ပိုမိုချောမွေ့လာမည်ဖြစ်ကြောင်း MNDAA က ထုတ်ပြန်ကြေညာသည်။
အခြားတစ်ဖက်တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် MNDAA ထိန်းချုပ်ထားသည့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်မှတစ် ဆင့် တရုတ်နိုင်ငံသို့ နေ့စဉ် ကုန်ကား ၂၀၀ ကျော် ကုန်သွယ်နေပြီး ကုန်စည်စီးဆင်းမှု မြင့်တက်နေကြောင်း MNDAA ကိုးကန့်က တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
လက်ရှိချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်မှ နေ့စဉ် ကုန်တင်ယာဉ် အစီးရေ ၂၀၀ ကျော် တရုတ်နိုင်ငံသို့ ထွက်ခွာလျက်ရှိရာ ကြံသယ်ယူပို့ဆောင်ရေးယာဉ် ၅၀ ရာခိုင်နှုန်းကျော်နှင့် ပြောင်းဖူးသယ်ယူပို့ဆောင်ရေးယာဉ် ၄၀ ရာခိုင်နှုန်းခန့် ပါဝင်ကြောင်း၊ ပြောင်းဖူးတင်ပို့သည့် ယာဉ်များကို ဦး စားပေးလမ်းကြောင်းဖြင့် ဖြတ်သန်းခွင့်ပြုထားသကဲ့သို့ ကြံတင်ပို့မှု ပမာဏကိုလည်း အာမခံချက်ပေးထားကြောင်း၊ လယ်ယာထွက်ကုန် တင်ပို့သည့် ယာဉ်တန်းများ လျင်မြန်စွာ ဖြတ်သန်းနိုင်ရေးကို အထူးဦးစားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း MNDAA က ဆိုသည်။
MNDAA က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ရက်နေ့ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်တပ်၏ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်နှင့် လားရှိုးမြို့၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ မူဆယ် ၁၀၅ မိုင်၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်း မြို့များကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
တရုတ်အစိုးရ၏ ဖိအားကြောင့် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲကာ သိမ်းပိုက်ထားသော လားရှိုးမြို့ကို ၂၀၂၅ ခုနှစ် ဧပြီလတွင် အကြမ်းဖက်စစ်တပ်ထံသို့ ပြန်လည် ပေးအပ်ခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









