ရန်ကုန်၊ ဇန်နဝါရီ ၂၃
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ သစ်ဆပ်ပင်ကျေးရွာနှင့် ဘုရားကြီးကျေးရွာတို့ကို စစ်သား၊ ပျူစောထီးများ ပူးပေါင်းဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေကြောင်း ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇန်နဝါရီလ ၂၃ ရက် နံနက် ၁၁ နာရီခန့်က ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်တိုက်နယ်၊ သစ်ဆပ်ပင်ကျေးရွာ နှင့် ဘုရားကြီးကုန်းကျေးရွာကို ကျောက်ပန်းမြို့နယ်အတွင်းရှိ စစ်သား၊ ပျူစော ထီး များ ပူးပေါင်းပြီး စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ကျေးရွာနေပြည်သူများမှာ ထွက်ပြေးနေရ ကြောင်း၊ ထို့သို့ ပြည် သူများ ထွက်ပြေးပြီးနောက် စစ်တပ်စစ်ကြောင်းက ဝင်ရောက်လာကာ ပြည်သူ ပိုင်ပစ္စည်းများကို ခိုး ယူခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းတို့ လုပ်ဆောင်နေကြောင်း သိရသည်။
“လောလောဆယ်တော့ ပြည်သူတွေဖမ်းခံရတယ်လို့ မကြားမိသေးဘူး။ ဘယ်နှစ်အိမ်လောက်မီးရှို့ခံ ရတယ်။ ဘာတွေပါသွားတယ်ဆိုလည်း မသိနိုင်သေးဘူး။ စစ်ကြောင်းက ရွာထဲမှာရှိနေသေးတယ်။ ပြည်သူတွေ မထိခိုက်စေရေးပဲ အဓိက လုပ်ဆောင်နေကြရတာ။ ပွေးကျစ်လမ်း အနောက်ခြမ်းမှာရှိ တဲ့ ကျေးရွာတွေက ပြည်သူတွေအနေနဲ့ အထူးဂရုစိုက်နေထိုင်စေချင်ပါတယ်” ဟု ဒေသသတင်းရင်း မြစ်က ပြောကြားသည်။
ယင်းစစ်ကြောင်းသည် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ စစ်သား၊ ရဲများ၊ ပျူစောထီးများ ပူးပေါင်းကာ ဝင်ရောက်လာခြင်းဖြစ်ပြီး ရေဆုံးရွာပျူစောထီး ခေါင်းဆောင်သော ပျူစောထီးများ၊ ပွေးကျစ်တိုက်နယ်အတွင်းရှိ စမ်းပွင့်ရွာ၊ သရက်တောရွာ၊ ဆီးကန့်ရွာ၊ အိမ်အိုရွာ၊ အတာဘတ်ရွာတို့မှ ပျူစောထီးများ၊ ဘိုကုန်းရွာ၊ ကျည်ကုန်းရွာ၊ သဘွတ် ကုန်းရွာ ၊ ညောင်တိုဈေးကုန်းရွာတို့ ပျူစောထီး များ၊ စီပေါက္ကံရွာမှ ငပေါ်၏ လက်အောက်ခံ ပျူစောထီးများပါဝင်ကြောင်း သိရသည်။
အလားတူ ပခုက္ကူမြို့နယ်၊ ကမ္မနှင့်မြစ်ခြေဒေသတွင် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ပြည်သူများမှာ ယခုဇန်နဝါရီလအတွင်း စစ်ဘေးရှောင်နေရပြီး စစ်ဘေးရှောင် အရေ အတွက် ၁ သောင်းကျော်ရှိကြောင်း ပခုက္ကူ လူထုတိုက်ပွဲ ကော်မတီက သတင်းထုတ်ပြန်သည်။
ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာဌာန ၏ မှတ်တမ်းအရ စာရင်းပြုစုပြီး စစ်ရှောင်ဦးရေ ၃၉၉၈ ဦးနှင့် စာရင်းမပြုစုနိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၅၀၀၀ မှ ၇၀၀၀ အကြားရှိကြောင်း၊ ကမ္မတစ်မြို့လုံး စစ်ဘေးရှောင်နေရသည်မှာ ရက် ၂၀ ရှိလာပြီး စားနပ်ရိက္ခာ၊ ခရီးစရိတ်နှင့် ဆီဖိုးမှ အစ ပြတ်လပ်နေကြောင်း၊ ပြည်သူများအနေဖြင့် ပါဝင်ကူညီကြရန် ပခုက္ကူ လူထုတိုက်ပွဲ ကော်မတီက တိုက်တွန်းထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







