29 C
Yangon

မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Broken System အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၇ နာရီ ၅ မိနစ်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို BROKEN SYSTEM (BS) အဖွဲ့မှ ရဲဘော်များက မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ရုံးအတွင်း ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ထိခိုက်မှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ရဲဘော်တွေတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ကျနော်တို့ BS အဖွဲ့ အနေနဲ့ ရှေ့ဆက်ပြီး တိုက်ခိုက်သွားမှာတွေရှိပါတယ်။ တရားမဝင် ရွေးကောက်ပွဲကနေ တက်လာတဲ့ တရားမဝင်အစိုးရနဲ့ ပတ်သက်တဲ့ ပစ်မှတ်တွေကိုလည်း ရှေ့ဆက်တိုက်ခိုက်သွားပါမယ်။ စစ်အစိုးရ ပစ်မှတ်တွေကတော့ တိုက်ခိုက်မြဲတိက်ခိုက်နေမှာပါ” ဟု Broken System အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ဆက်လက်၍လည်း BROKEN SYSTEM (BS) အဖွဲ့မှ ရဲဘော်များ အနေဖြင့်လည်း အကြမ်းဖက် စစ်တပ်က ပြုလုပ်နေသော တရားမ၀င် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ပြီး အာဏာရလာသော တရားမ၀င်အစိုးရ နှင့် အကြမ်းဖက် စစ်တပ်နှင့် ပတ်သက်သူများ အားလုံးကို အပြင်းအထန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးပြောဆိုထားသည်။

အလားတူ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တရားမ၀င် ရွေးကောက်ပွဲကော်မရှင်ရုံးကိုလည်း BROKEN SYSTEM (BS) အဖွဲ့က လက်ပစ်ဗုံး၊ မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article