25 C
Yangon

မလှိုင်၊ မြိုင်နှင့် မုန်းမြို့နယ်တို့တွင် စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၇ ဦးထိခိုက် ဒဏ်ရာရကာ နေအိမ်များပျက်စီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆

မန္တလေးတိုင်း၊ မလှိုင်မြို့နယ် အနောက်ခြမ်း ရွာငွေ့ရွာသို့ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၃၀မိနစ်ခန့်အချိန် စစ်တပ်က စက်တပ်လေထီး၁ စီးဖြင့် မလှိုင်မြို့နယ် အနောက်ခြမ်း ရွာငွေ့ရွာပေါ်သို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဗုံး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း ရွာငွေ့ရွာကျေးရွာမှ အသက် ၃၈ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးပြီး ကလေးငယ် ၁ဦး အပါအဝင် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁လုံးပျက်စီးခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ရွာငွေ့ရွာကျေးရွာ အသက် ၃၈နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးတယ်။ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာတယ် “ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ် မြောက်ခြမ်းတစ်နေရာသို့ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေ ၅နာရီ ဝန်းကျင်အချိန် စစ်တပ်က တိုက်လေယာဉ် ၁ စီးဖြင့် မြိုင်မြို့နယ် မြောက်ခြမ်းတစ်နေရာသို့ ဗုံးကျဲချခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူများထိခိုက်ဒဏ်ရာမှုနှင့် နေအိမ်များ ပျက်စီးမှု မရှိကြောင်းသိရှိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ မြိုင်မြို့နယ် မန်ကျည်းကန်ကျေးရွာအနောက်ကို ဗုံး ၃လုံးနဲ့ ကျဲသွားတယ်။ လက်နက် ငယ်တွေနဲ့လည်း ရမ်းသမ်းပစ်ခတ်သွားတယ်”ဟု ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းနှင့် လက်နက် ကြီးများဖြင့် ပစ်ခေတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၃ လုံး ပျက်စီးသွားခဲ့ကြောင်း KNU-ဗဟိုက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်တပ်၏ သံဘိုတပ်ရင်းမှ မာနီ(ကွင်း) အတွင်းသို့ ၆၀ မမ လက်နက်ကြီးဖြင့် ၆ လုံး ပစ်ခတ်ခဲ့ရာ နိုတောတာကျေးရွာတွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် နော်ဖောတရာထီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၂၆ မိနစ်အချိန်တွင်လည်း အကြမ်းဖက် စစ်တပ်၏ တောင်ငူလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ရေလဲအနောက်ဘက်ကမ်းကျေးရွာအတွင်းသို့ ဗုံး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အသက် ၅၅ နှစ်အရွယ် ဦးနိုင်ဦး၊ အသက် ၇၅ နှစ်အရွယ် ဦးတိုးရွှေ နှင့် အသက် ၂၇ နှစ်အရွယ် မသီသီ တို့ ၃ ဦးမှာ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်း ဖက် စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နေအိမ် ၃ လုံးမှာလည်း ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article