ဒီကနေ့ ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အရင်နှစ်အတွင်း လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ နေပြည် တော်က နိုင်ငံတော်သမ္မတအိမ်တော်ကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင် လှိုင်က သူ့စိတ်ကြိုက် ဒီဇိုင်းဆွဲ ပြင်ဆင်ခဲ့ပြီး ပြီးစီးသလောက်ရှိ လာနေပြီလို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။
- မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာရှိတဲ့ ကြံ့ဖွတ် ပါတီရုံး၊ ကျောက်ရုံးကြီးနှင့် ခမရ ၁၅ တပ်ရင်း အနီးမှာရှိတဲ့ လယ်သစ်ကျေးရွာ မဲရုံတို့ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိ တယ်လို့ မြင်းခြံခရိုင်အမှတ် 1848 ဒရုန်းတပ် (MDDS) ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်နေ ပျူစောထီး ဝင်းသူရဇော်က စစ်တပ်နှင့်ပူးပေါင်းပြီး လူငယ်တွေကို အဓမ္မ ပေါ်တာဆွဲဖမ်းဆီးတဲ့အပြင် စာရွက်စာတမ်းအတုတွေနဲ့မြေကွက်တွေရောင်းစားမှုတွေကို ကျူးလွန်နေ ပေမယ့် လည်း အရေးယူမှုမရှိဘူးလို့ အလိမ်ခံရသူတွေနှင့် ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အမေရိကန်နိုင်ငံရဲ့ အရှေ့ဘက် သုံးပုံနှစ်ပုံလောက်မှာ အင်မတန်ကြီးမားတဲ့ ဆောင်းရာသီမုန်တိုင်းကြီး (Monster Storm) တိုက်ခတ်နေပါတယ်။ ဇန်နဝါရီလ ၂၅ ရက်နေ့ တနင်္ဂနွေနေ့ နေ့လယ်ပိုင်းအထိ လူပေါင်း ၁ သန်းကျော် လျှပ်စစ်မီး ပြတ်တောက်နေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




