29 C
Yangon

မြန်မာစစ်တပ်၏ စီးပွားရေးနှင့်ဝါဒဖြန့်ချိရေး အကောင့်ပေါင်း ၂၇၀ ကို JFM ၏ တိုင်ကြားမှုကြောင့် Facebook က ဖယ်ရှားခဲ့

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၈

မြန်မာစစ်တပ်၏ စီးပွားရေးနှင့်ဝါဒဖြန့်ချိရေး အကောင့်ပေါင်း ၂၇၀ ကို Justice for Myanmar- JFM ၏ တိုင်ကြားမှုကြောင့် Facebook က ဖယ်ရှားခဲ့ကြောင်း JFM က သတင်းထုတ်ပြန်သည်။

အမေရိကန်အခြေစိုက် Facebook က စစ်အုပ်စု၏ လူမှုကွန်ရက်စာမျက်နှာများ၊ ဂရုများနှင့် ပရိုဖိုင်းအကောင့်များ စုစုပေါင်း ၂၇၀ ခုကို ဖယ်ရှားလိုက်ကြောင်း၊ ယခုလုပ်ဆောင်ချက်သည် ယင်းလူမှုကွန်ရက်၏ မိခင်ကုမ္ပဏီ Meta က ၂၀၂၁ ခုနှစ်တွင် စတင်အကောင် အ ထည် ဖော်ဆောင်ရွက်ခဲ့သည့် စစ်တပ်ထိန်းချုပ် စီးပွားရေးလုပ်ငန်းများနှင့် မီဒီယာများအား ပိတ်ပင်သည့်မူဝါဒနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဖယ်ရှားလိုက်သည့်အကောင့်အများစုသည် မိုင်တဲလ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား ရောင်းချနေသည့်အကောင့်များဖြစ်ပြီး၊ ကျန်အကောင့်များသည် စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးများ ဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့၏ ကုမ္ပဏီခွဲများနှင့် လုပ်ငန်းအမှတ်တံဆိပ်များနှင့်ဆက်စပ်အကောင့်များ ဖြစ်သည်ဟု သိရှိရသည်။

ယင်းအပြင် ဖယ်ရှားလိုက်သော အကောင့်များတွင် တယ်လီကွန်းကွန်ရက် MECtel၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်၊ ဆင်မင်းဘိလပ်မြေ၊ မြန်မာဘီယာနှင့် ဒဂုန်ဘီယာအမှတ်တံဆိပ်များ၊ နန်းမြိုင်ကဖီးနှင့် Indoor Skydiving တို့နှင့်ဆက်စပ်အကောင့်များလည်း ပါဝင်သည်။

Facebook သည် စစ်တပ်ဝါဒဖြန့်အကောင့်များဖြစ်သည့် a Light for Justice 3၊ News Service Station နှင့် Myanmar Information Community တို့ကိုလည်း ဖယ်ရှားခဲ့ကြောင်း သိရှိရသည်။

အဆိုပါအကောင့်များသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများကို ပြစ်ဒဏ်ခံရခြင်းကင်းလွတ်စွာဖြင့် ကျူးလွန်လျက်ရှိသည့် စစ်တပ်ကို ပံ့ပိုးကူညီခဲ့သည့်အကောင့်များ ဖြစ်ကြောင်း၊ Justice For Myanmar သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်တပ်နှင့်ဆက်စပ်အကောင့်များကို ပေးပို့တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Alphabet၊ Apple၊ TikTok နှင့် Telegram တို့အနေဖြင့်လည်း မြန်မာစစ်တပ်၏ စီးပွားရေးလုပ်ငန်းများနှင့် ဝါဒဖြန့်ချိရေးအကောင့်များကို ယခုချက်ချင်း ပိတ်ပင်ရန် JFM က တောင်းဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article