25 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • စစ်ကိုင်းတိုင်း၊ ကသာမြိုနယ်ကို စစ်ကူသွားတဲ့ မိတ္တီလာ တပ်မ ၉၉ က ဒုတိယဗိုလ်မှူးကြီး မြင့်သိန်းထွန်း မိုင်းဆွဲခံရပြီးသေဆုံးကာ ရက်လည်တရားနာအတွက် ရာထူးအမည်မထည့်ဘဲ ဖိတ်စာဝေခဲ့တယ်လို တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းထားတဲ့ကာလတစ်လျှောက်လုံး အလုပ်မရှိခဲ့တဲ့ သင်္ကန်းဝတ် သုစိတ္တနဲ့ အမျိုးသားရေးအစွန်းရောက် ဝင်းကိုကိုလတ်အပါအဝင် မဘသနဲ့ အမျိုးသားရေးအစွန်းရောက်တွေဟာ ICJ နဲ့ ဂမ်ဘီယာအကြောင်းပြကာ ရန်ကုန်မြိုလယ်ခေါင် လမ်းပေါ် ပြန်ထွက်လာကြတာကို တွေ့ရပါတယ်။
  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြိုပေါ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ ထွေ/အုပ်ရုံးနဲ့ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးခဲ့တယ်လို Royal Tiger Force ပြောက်ကျားတပ်ဖွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
  • အိန္ဒိယနဲ့ ဥရောပသမဂ္ဂ (EU) တိုဟာ နှစ်ပေါင်း ၂၀ နီးပါးဆွေးနွေးလာခဲ့တဲ့ သမိုင်းဝင်ကုန်သွယ်ရေး သဘောတူညီချက်ကို နောက်ဆုံးလက်မှတ်ရေးထိုးနိုင်ခဲ့ပြီး၊ ကုန်ပစ္စည်းအများစုအပေါ် အခွန်တွေကို အကြီးအကျယ်လျှော့ချသွားမယ်လို ကြေညာလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article