25 C
Yangon

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက ငြိမ်သက်တိတ်ဆိတ်စွာ နေထိုင်ခြင်း ၁၄ ရက်တာ ကမ်ပိန်း ဆင်နွှဲနေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ငြိမ်သက်တိတ်ဆိတ်စွာ နေထိုင်ခြင်းဖြင့် စည်းကမ်းရှိကြောင်း ၊ ယဉ်ကျေးကြောင်း ပြသမည့် ၁၄ ရက်ကာ ကမ်ပိန်းကို ဇန်နဝါရီလ ၂၆ ရက်နေ့မှ စတင် ပြုလုပ်နေပြီး မြန်မာအလုပ်သမားအများအပြား ပူးပေါင်း ပါဝင်နေကြကြောင်း အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ ၁၄ ရက်တာ ကမ်ပိန်းတွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် လူများသည့် နေရာနှင့် တိတ်ဆိတ်သည့် နေရာများတွင် အသံကျယ်လောင်စွာ ပြောဆိုခြင်းမပြုရန်၊ ကွမ်းတံတွေးနှင့် အမှိုက်များစွန့်ပစ်ရာတွင် စည်းကမ်းရှိရန်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းစသည့် အချက်များအပါအဝင် ပတ်ဝန်းကျင်ကို စိတ်အနှောင့်အယှက်ဖြစ်စေသည့်အရာများ မလုပ်ဆောင်ရန်၊ ပွဲလမ်းသဘင် သွားလာခြင်း၊ သောက်စား မူးယစ်ခြင်း၊ ရန်လိုခြင်းများကို ရှောင်ကြဉ်ကြရန် ကမ်းပိန်းစီစဉ်သူများက နှိုးဆော်ထားကြသည်။

“ ဒီကမ်ပိန်းလုပ်တာက လက်ရှိထိုင်းနိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာဆိုရင် လမ်းမပေါ်ဖြစ်ကြတယ်၊ ပဋိပက္ခတွေကို ဦးတည်လာတယ်။ ထိုင်းလူမျိုးတွေရဲ့ အမြင်မှာလည်း မြန်မာလုပ်သားတွေအပေါ် အမြင်စောင်းလာတဲ့ အခြေအနေတွေ ဖြစ်လာတယ်။ အဲဒါကြောင့် ၁၄ ရက်တာကာလ ကိုယ့်ကိုယ်ကိုယ် အနေအထိုင်ဆင်ခြင်လိုက်တာပေါ့နော်။ အားလုံး ငြိမ်ငြိမ်သက်သက်နဲ့ အလုပ် ကျောင်း ပုံမှန်သွား။ ပြီးရင် ဝယ်စရာ ရှိတာ ဝယ်ခြမ်းပြီး အိမ်တန်းပြန်လာမယ့် အစီအစဉ်ပေါ့။ အခန်းမှာလည်း ဘေးပတ်ဝန်းကျင်ကို ထိခိုက်စေတာမျိုး မလုပ်ဘဲနေမယ်။ အဓိကက ထိုင်းရောက် မြန်မာနိုင်ငံသားတွေက အေးအေး ဆေးဆေး လုပ်ကိုင်စားသောက်ချင်သူတွေဖြစ်တယ်။ ဆူပူချင်တဲ့ လူတွေ မဟုတ်ဘူး ထိုင်းလူမျိုးတွေကို ပြဿနာရှာတဲ့လူတွေ မဟုတ်ဘူး ငြိမ်သက်အေးဆေးခြင်းနဲ့ အလုပ်လုပ် ကိုင်စေချင်တယ်ဆိုတာကို ပြတာဖြစ်တယ် ။ စည်းကမ်းရှိစွာ နေထိုင်ခြင်း ဒီ ၁၄ ရက်တာ ကာလနဲ့ အစပျိုးတာပဲ ဖြစ်တယ်။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အားလုံးငြိမ်ငြိမ်သက်သက်နေထိုင်ဖို့ ဦးစားပေးဇောင်းပေးတာ ဖြစ်ပါတယ်” ဟု အေအေစီ ကိုရဲမင်းက ရှင်းပြသည်။

လက်ရှိ ကမ်ပိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားများ အားလုံး ပူးပေါင်း ပါဝင် လိုက်နာမှု ရှိကြပြီး ရာခိုင်နှုန်းတော်တော်များများက ထောက်ခံကြကြောင်း အဆိုပါ ကမ်ပိန်းဖြစ် မြောက်ရေး ကြိုးပမ်းသူများထံမှ သိရှိရသည်။

“ချွေတာပြီးသားတောင် ဖြစ်သွားတယ်။ ငွေကုန်ကြေးကျလည်း သက်သာကြတယ်။ အဖက် ဖက်ကကြည့်ရင် ကောင်းကျိုးတွေပဲ။ ဆန္ဒပြတာလည်း မဟုတ်ဘူး။ အလုပ်မပြတ်ဘူး ထိုင်းတွေ အမြင်မှာလည်း အေးအေးချမ်းချမ်းနေချင်တာကို ငြိမ်းငြိမ်းချမ်းချမ်းဖော်ပြတာပဲလို့ မြင်သွားတယ်” ဟု အေအေစီ ကိုရဲမင်းက ပြောဆိုသည်။

အဆိုပါ ကမ်ပိန်းနှင့် ဖြစ်မြောက်ရေးအတွက် FNCC Page နှင့် အေအေစီ ကိုရဲမင်းတို့က အင်တိုက်အားတိုက် နှိုးဆော်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ လုပ်ဆောင်ခဲ့မှုအတွက် ထိုင်းအမျိုးသားရေးလှုပ်ရှားသူများဘက်က သဘောထားတင်းမာသည့် ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့သော်လည်း ကမ်ပိန်းဖြစ်မြောက်ရေးကြိုးပမ်းသူများဘက်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကိုသာ ဦးစားပေးလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောကြားသည်။

“ထိုင်းနိုင်ငံထဲက တချို့သောအဖွဲ့တွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုဝေဖန်ကြတာ ရှိတယ်။ အခုဟာက ရှင်းရှင်းလေးပဲ ကျွန်တော်တို့က ဆန္ဒပြတာမဟုတ်ဘူး။ ဆူပူတာ မဟုတ် ဘူး။ သောင်းကျန်းတာ မဟုတ်ဘူး။ ငြိမ်သက်အေးချမ်းစွာဖြင့် ကိုယ်အလုပ်ပြီးတာနဲ့ အိမ်ပြန်မယ်။ အလုပ်လည်း မပျက်ဘူး။ ပြီးတော့ မကောင်းဘူးလား ။ လမ်းပေါ်မှာ လူတွေလည်း ရှင်းသင့်သလောက်ရှင်းသွားမယ်။ ပြဿနာတွေလည်း မဖြစ်တော့ဘူး။ ကျွန်တော်တို့ နိုင်ငံသားတွေ နိုင်ငံကြီးသား ပီသတယ်လို့ဆိုတဲ့ အကြောင်းကိုပဲ ဦးဆောင်ပြီးတော့ တိုက်တွန်းနှိုးဆော်ပေးတာဖြစ်တယ်။ အဲဒီတော့ သူတို့ရဲ့ သဘောထားတွေကိုတော့ ပြန်လည်ပြီးတော့ တုံ့ပြန်ခြင်း မရှိပါဘူး”ဟု အေအေစီ ကိုရဲမင်းက ပြောဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားတချို့နှင့် ထိုင်းနိုင်ငံသားတချို့၏ ရန်ဖြစ်မှုများ၊ ပြဿနာဖြစ်မှုများအပေါ် အခြေတည်၍ ထိုင်းလူမျိုး နှုတ်ခမ်းမွှေး ဟု ခေါ်ဆိုသူများက ဦးဆောင်သော ထိုင်းမျိုးချစ်အဖွဲ့က ယခုရက်ပိုင်းအတွင်း မြန်မာဆိုင်များကို ပိတ်ပင်ခြင်း၊ မြန်မာများကို ရိုက်နှက်ခြင်းများ လုပ်ဆောင်လာလျက်ရှိကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားများထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article