ရန်ကုန်၊ ဇန်နဝါရီ ၂၈
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ဂိတ်စခန်းများကို မိုင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ပုလောမြို့နယ်၊ တောင်ယာကမ်းရွာ လမ်းဆုံဂိတ်သို့ စစ်ကြောင်းထိုးလာသော အင်အား ၃ဝ ခန့် စစ်တပ်ကြောင်းသည် လှည်းကျွန်းဝရွာအရောက်တွင် KNLA အထူးတပ်ဖွဲ့က ထောင်ထားသော မိုင်းနင်းမိပြီး စစ်တပ်ဘက်မှ အရာရှိ ၂ ဦးသေဆုံးကာ ၅ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ မိုင်းနင်းမိပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒရုန်းများဖြင့်လည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀ ရက်နှင့် ၂၂ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်၏ ကျောက်စုဂိတ်၊ ပုလောမြို့ အမှတ် ၅ ဂိတ်နှင့် နန်းတောင်ရွာ စစ်တပ် စခန်းကုန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှု ရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
အလားတူ ဒီဇင်ဘာလ ၂၃ ရက်နှင့် ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ပုလောမြို့ အမှတ် ၄ ဝန်ထမ်းအိမ်ရာ၊ ကျောက်စုဂိတ်နှင့် နန်းတောင် စစ်တပ် ဂိတ်စခန်း၊ ပုလောမြို့ အမှတ် ၇ ဂိတ် နှင့် တောင်ယာကမ်းရွာ ဂိတ်စခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲပြီး ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
KNLA Special Forces အဖွဲ့သည် တော်လှန်ရေး အောင်မြင်ရန်အတွက် စစ်ကောင်စီ အဖွဲ့ကို အခွင့်အရေးရသည်နှင့် အမြဲတမ်းတိုက်ခိုက်မှုများ ဖော်ဆောင်လုပ်ကိုင်နေမည် ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်တပ် တပ်စွဲထားသည့် နေရာနှင့် အနီးတစ်ဝိုက်တွင်နေထိုင်ခြင်း မပြုလုပ်ရန် အသိပေးပြောဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




