32 C
Yangon

မိုးကုတ်မြို့တွင် စစ်တပ်က ကျောက်ရှာဖွေသူ ၂၀၀ ဦးကျော်ကို ဖမ်းဆီး ငွေညှစ်၊ Non CDM ဝန်ထမ်းများကိုလည်း မြို့ပေါ်ပြန်လည် ခေါ်ဆောင်နေပြီး ကျောက်အရောင်းအဝယ်စင်တာများ ဖွင့်လှစ်ရန်စီစဉ်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၈

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် အကြမ်းဖက် စစ်တပ်က ကျောက်ရှာဖွေသူ ၂၀၀ ဦးကျော်ကို ဖမ်းဆီး ငွေညှစ်ပြီး Non CDM ဝန်ထမ်းများကိုလည်း မြို့ပေါ်ပြန်လည် ခေါ်ဆောင်နေပြီး ကျောက်အရောင်းအဝယ်စင်တာများ ဖွင့်လှစ်ရန်စီစဉ်နေကြောင်း မိုးကုတ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့က မိုးကုတ်မြို့နယ်၊ ရေနီးချောင်းတလျှောက်၌ ကျောက်ရှာဖွေ (ခနဲဆေး) သူ ၂၀၀ ဦးကျော်ကို ဖမ်းဆီးပြီး တနေကုန်နီးပါး စာသင်ကျောင်းများတွင် သန့်ရှင်းရေးလုပ်ခိုင်းကာ ညနေပိုင်း တွင် တစ်ဦးလျှင် တစ်သိန်း ၂ သောင်းကျပ်တောင်းယူကာ ပြန်လွှတ်ပေးလိုက်ကြောင်း၊ ထို့ပြင် Without ကား ၊ တစ်စီးလျှင် ငွေကျပ် ၃ သိန်း၊ ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် ၅ သောင်း တောင်းယူ နေကြောင်း သိရသည်။

“အဖမ်းခံရတဲ့သူက အယောက် ၂၀၀ လောက်ဆိုတော့ သိန်း ၂ ရာကျော်ရသွားတာပေါ့၊ တွင်းသမား တွေနဲ့ ခနဲဆေးသမားတွေခံရတာ၊ ခနဲဆေးတယ်ဆိုတာက ချောင်းရေစီးဆင်းလာတဲ့ထဲကို ဇကာနဲ့ စစ်ပြီးရွေးတာပါ။ မြို့ခံတွေက ရေနီချောင်းတလျှောက်က အဲလိုလေးလုပ်ကြတာ။ အဲဒီရေတွေက တွင်းထဲကနေ စီးဆင်းလာတဲ့ရေတွေဆိုတော့ ပါလာတဲ့ ကျောက်ကိုရှာကြတာ။ ကျောက်ရှာသမား တွေပါပဲ။ ပြီးတော့ ကားတွေ၊ ဆိုင်ကယ်တွေလည်းဖမ်းပြီးငွေညှစ်တယ်။” ဟု မိုးကုတ်သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်သည် ဇန်နဝါရီလ ၁၉ ရက်နေ့မှစ၍ မိုးကုတ် -မတ္တရာ -မန္တလေးလမ်းအတိုင်း Non CDM ဝန်ထမ်း များကို‌ ခေါ်သွင်းကာ ရုံးများလည်ပတ်ရန်စီစဉ်နေပြီး လာမည် ၁၄ ရက်နောက်ပိုင်းတွင် မိုးကုတ်မြို့ နယ် လဝကရုံးကို ပြန်ဖွင့်မည်ဟု အသိပေးထားကြောင်း၊ အလားတူ မိုးကုတ်မြို့ပန်းခြံထာ (ကျောက် ရောင်းဝယ်ရေးဈေး) ပွဲတော်ကိုလည်း ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။

“အရင်မြို့သိမ်းခံရတုန်းက ရှောင်ပြေးသွားတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြန်ခေါ်သွင်းနေပြီ။ တော် တော်များများတော့ ရောက်လာကြတယ်။ လဝကရုံးက နောက် ၁၄ ရက်နေရင် ဖွင့်မယ်ဆိုပြီး လုပ်နေ တယ်။ မနေ့ကလည်း ပန်းခြံထာပွဲဖွင့်တယ်လို့ သိရတယ်။ စားပွဲခုံဖိုး ဘောင်ချမပါပဲ တစ်ခုံကို တစ် သောင်းခွဲနှုန်းနဲ့ ဝိုင်းတိုင်းကောက်သွားတယ်။ မိုးကုတ်မှာက ကန်ဘောင်ထာနဲ့ ပန်းခြံထာဆိုပြီးရှိတာ၊ မနေ့က ပန်းခြံထာပွဲဖွင့်သွားတယ်လို့ သိရတယ်။ ခုံကြေးကိုက တစ်လ သိန်း ၇၀ ၊ ဆိုင်ကယ်ရပ်ခ တစ် သိန်း ၆၀ ၊ တွင်းသမားနှစ်ယောက်ဆိုရင် တစ်ရက် တစ်သိန်း၊ ခနဲဆေးသမားဆိုရင် တစ်ရက် ၅ သောင်း အဲလိုတွေကောက်တာ။ ကြားထဲ ဖမ်းဆီးငွေညှစ်တာတွေရှိသေးတယ်” ဟု မိုးကုတ် သတင်း ရင်းမြစ်က ရှင်းပြသည်။

ဓာတ်ပုံ – မိုးကုတ်မြို့ပေါ်ရှိ ထာပွဲ-ကျောက်ဝိုင်း (ပုံဟောင်း)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article