32 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စိုးဝင်း၊ မြထွန်းဦး အပါအဝင် စစ်တပ်နဲ့ရဲ အရာရှိ ၆၁ ဦးကို စစ်အာဏာသိမ်းကာလ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် စွဲချက် တင်ဖို့ သက်သေအထောက်အထားတွေ ရရှိထားပြီလို့ Fortify Right က ကြေညာလိုက်ပါတယ်။
  • နိုင်ငံတကာ နဲ့ ကုလသမဂ္ဂ က မြန်မာစစ်တပ်ကလုပ်တဲ့ ရွေးကောက်ပွဲဟာ အတုအယောင်သာ ဖြစ်တဲ့အတွက် လက်မခံဘူးလို့ ထောက်ပြပြောဆိုနေတဲ့အချိန်မှာပဲ တရုတ်နိုင်ငံကတော့ သူတို့ရဲ့ ထုံးစံအတိုင်း အာဏာရှင်နိုင်ငံတွေကို လွှမ်းမိုး ထိန်းချိုပ်နိုင်ဖို့အတွက် အခုမြန်မာနိုင်ငံက စစ်အုပ်စု လုပ်တဲ့ အတုယောင်ရွေးကောက်ပွဲကိုပါ ဂုဏ်ပြုပြီး တရုတ်မြန်မာနှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က ပြောဆိုလာ ပြန်ပါတယ်။
  • မြန်မာ အကြမ်းဖက်စစ်တပ်ရဲ့ စီးပွားရေးနှင့်ဝါဒဖြန့်ချိရေး အကောင့်ပေါင်း ၂၇၀ ကို Justice for Myanmar ရဲ့ တိုင်ကြားမှုကြောင့်ပဲ Facebook လူမှုကွန်ယက်ကနေ ဖယ်ရှားလိုက်ပြီဖြစ်တယ်လို့ Justice for Myanmar က သတင်းထုတ်ပြန်လာပါတယ်။
  • တရုတ်နိုင်ငံရဲ့ မြေရှားသတ္တု ထုတ်လုပ်ရေးအပေါ် မှီခိုနေရမှုကို လျှော့ချဖို့အတွက် အမေရိကန်အစိုးရက အမေရိကန် မြေရှားသတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုမှာ ထပ်မံရင်းနှီးမြှုပ်နှံလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article