24 C
Yangon

မြန်မာ့အရေး အဖြေရှာရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဖိလစ်ပိုင်တွင် တံခါးပိတ်ဆွေးနွေးပြန်

Must read

🟥 မြန်မာစစ်တပ်၏ ရွေးကောက်ပွဲရလဒ်အပေါ် အာဆီယံ၏သဘောထား အဖြေမထွက်သေး

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ဖိလစ်ပိုင်နိုင်ငံ၊ ဆီဘူးမြို့တွင် ကျင်းပလျက်ရှိသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) ၌ မြန်မာ့ပြည်တွင်းစစ် အကျပ်အတည်းမှာ အဓိက ဆွေးနွေးခဲ့သည့် အကြောင်းအရာဖြစ်လာကြောင်း သိရှိရသည်။

ယမန်နေ့ ဇန်နဝါရီ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် (Five-Point Consensus) အကောင်အထည်ဖော်နိုင်ရေးအတွက် အလွတ်သဘော တိုင်ပင်ဆွေးနွေးပွဲကို စတင်ခဲ့ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံခြား ရေးဝန်ကြီး Sugiono အပါအဝင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့သည့် အဆိုပါဆွေးနွေးပွဲကို တံခါးပိတ်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အာဆီယံပြောရေးဆိုခွင့်ရှိသူ Xavier M Imperial က “ဒီကနေ့ ဆွေးနွေးပွဲမှာ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ချက်ရဲ့ မူဘောင်တွေနဲ့ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာ့ရွေးကောက်ပွဲနှင့် အာဆီယံ၏ သဘောထားမှာလည်း​ အဖြေမထွက်သေးဘဲ ရွေးကောက်ပွဲ ရလဒ်များကို အာဆီယံအနေဖြင့် အသိအမှတ်ပြုမည်လောဟူသည့် မေးခွန်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ အတည်ပြု​ခြင်းမရှိသေးပေ။

“အဲဒီကိစ္စက ဆွေးနွေးနေဆဲအဆင့်မှာပဲ ရှိပါသေးတယ်။ အခုထက်ထိတော့ ဘာဆုံးဖြတ်ချက်မှ မချရသေးပါဘူး။ ဒီအချိန်မှာ အတည်ပြုပြောကြားဖို့ ခက်ခဲပါတယ်”ဟု အာဆီယံပြောရေးဆိုခွင့်ရှိသူ Xavier M Imperial က ပြောဆိုသည်။

ဖိလစ်ပိုင်ပြုလုပ်နေသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာစစ်တပ်ဘက်မှ ကိုယ်စားလှယ်တစ်ဦး တက်ရောက်နေသော်လည်း ၎င်း၏ အမည်နှင့် ရာထူးကိုမူ အာဆီယံဘက်က ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article