25 C
Yangon

မြ၀တီမြို့သို့ စစ်ကား ၃၅ စီးနှင့် တင့်ကား ၄ စီး ရောက်ရှိပြီး KNA တပ်ဖွဲ့ဝင်တချို့ မြို့မှ ထွက်ခွာ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ကရင်ပြည်နယ်၊ မြ၀တီမြို့သို့ စစ်ကား ၃၅ စီးနှင့် တင့်ကား ၄ စီး ရောက်ရှိပြီး KNA တပ်ဖွဲ့ဝင်တချို့ မြို့မှ ထွက်ခွာနေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေပိုင်း မြ၀တီမြို့သို့ အကြမ်းဖက်စစ်သားများ တင် ဆောင်လာသော စစ်ကား ၃၅ စီးနှင့် တင့်ကား ၄ စီးရောက်ရှိလာကြောင်း၊ စစ်ကား ၁ စီးလျှင် အကြမ်းဖက်စစ်သား ၂၀ ဝန်းကျင်ဖြင့် အင်အား ၅၀၀ ဝန်းကျင် ပါဝင်လာကြောင်း သိရှိရသည်။

“စစ်ကားတွေရော တင့်ကားတွေရော ရောက်လာတာ။ တင့်ကားတွေကတော့ တာလပတ်တွေနဲ့ အုပ်ထားတယ်။ စုစုပေါင်း ၄ စီး။ အဲဒီစစ်ကားတွေရော တင့်ကားတွေရောက ပဲခူးကနေ တစ်ခါတည်း မြ၀တီအထိ တောက်လျှောက်ဆင်းလာတာလို့သိရတယ်။ စစ်ကားတွေ လမ်းတလျှောက် ဖြတ်သန်းတော့ သတင်းတွေ တောက်လျှောက်ဝင်တယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ယင်းအပြင် BGF မှ KNA သို့ ဘက်တံဆိပ်ပြောင်းလဲထားသော နိုင်မောင်ဇော်ဦးဆောင်သော တပ်ဖွဲ့ဝင်တချို့မှာလည်း မြ၀တီမှ ထွက်ခွာနေကြောင်း၊ စစ်တပ်က KNA တပ်များကို မြ၀တီမြို့မှ ထွက်ခွာခိုင်းသော အမိန့်အရ ထွက်ခွာနေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့တွင်းမှ KNA တပ်များကို ထွက်ခွာရန် ဇန်နဝါရီလ ၁၉ ရက်နေ့ တပ်မ ၂၂ တပ်မမှူးက အမိန့်ပေးခဲ့ကြောင်း၊ KNA ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်မှ တရားဝင်ခွင့်ပြုထားပေးခြင်းမရှိသည့်အတွက် မြို့ပေါ်တွင် နေထိုင်ခွင့်မပြုရန် ညွှန်ကြား ချက်များရှိကြောင်း၊ ထို့ကြောင့် KNA လက်မောင်းတံဆိပ် တပ်ဆင်ထားသူများအနေဖြင့် မြ၀တီမြို့မှ ဇန်နဝါရီလ ၂၅ ရက်နေ့ နောက်ဆုံး ထွက်ခွာရန် သတိပေးခဲ့သည်။

စစ်တပ်က မြ၀တီမြို့ လုံခြုံရေးအတွက် DKBA ၊ KNU/KNLA-PC တပ်များက မြ၀တီမြို့ လုံခြုံရေး အတွက် ပူးပေါင်းဆောင်ရွက်ရန်၊ မြ၀တီမြို့တွင် တည်ရှိနေသော DKBA ၊ KNU/KNLA-PC တပ်ဖွဲ့ဝင်များ၏ တပ်တည်တပ်ဖြန့် တည်နေရာနှင့် စစ်သည်တစ်ဦးချင်းစီ၏ အည်၊ ဓာတ်ပုံများကို ဇန်နဝါရီလ ၂၄ ရက်နေ့ နောက်ဆုံးပေးပို့ရန်၊ တပ်ဖွဲ့ဝင်အယောင် ဆောင်များကို စစ်တပ်က စိစစ်အရေးယူဆောင်ရွက်ရာတွင် အဆင်ပြေစေရန် ဖြစ်သည်ဟု တပ်မ ၂၂ တပ်မမှူးက ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီလ ၁ ရက်နေ့ BGF တပ်တချို့ က KNA သို့ ဘက်တံဆိပ်ပြောင်းသွားပြီးနောက် BGF တပ်ရင်းတပ်ဖွဲ့များတွင် တွဲဖက်ထားသော စစ်တပ်အရာရှိများ၊ စစ်သည်များနှင့် မိ သားစုဝင်များအားလုံးကို ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြန် လည်ခေါ်ယူခဲ့သည်။

ဓာတ်ပုံ – ယမန်နေ့ မြ၀တီမြို့သို့ ဝင်ရောက်လာသည့် စစ်ကားတန်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article