31 C
Yangon

ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကျဲချ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား၍ စစ်တပ်က လေ ယာဉ် ဖြင့် ဗုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ဖလမ်းမြို့သို့ စစ်ကြောင်းထိုးရန် ကလေး-သိုင်းငင်း လမ်းပိုင်းမှ စစ်ယာဉ်တန်းဖြင့် လာရောက်သော အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းကို ဇန်နဝါရီလ ၂၆ ရက်နေ့မှ စတင်ပြီး ချင်းအမျိုးသားတပ်ဦးအပါအ၀င် ချင်းတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုက ဗာလုံနှင့် ဇောင်းလိရွာအကြားတွင် ကြားဖြတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများကာ ယင်းစစ်ကြောင်းသည် လက်ရှိချိန်ထိ ရှေ့ဆက် တိုးနိုင်ခြင်းမရှိသေးကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားရာ နေရာကိုလည်း အကြမ်းဖက် စစ်တပ်က ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ ၁၁ နာရီထိ Y-12 လေယာဉ်ဖြင့် ဗုံး ၅၀ ကျော်ကို ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် လေယာဉ်ဖြင့်လည်း ဗုံးကျဲ တိုက်ခိုက်မှုများ နေ့စဉ် ပြုလုပ်နေကြောင်း သိရှိရသည်။

“ကလေးမြို့ကနေ ကလေး-သိုင်းငင်း လမ်းအတိုင်း စစ်ခွေး ယာဉ်တန်းက ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာလို့ ၂၆ ရက်နေ့ကစပြီး ဗာလုံရွာနဲ့ ဇောင်းလိရွာအကြားမှာ ချင်းအမျိုးသားတပ်ဦးနဲ့ ချင်းတော်လှန်ရေးတပ်တွေက ဦး​ဆောင်ပြီး ကြားဖြတ် တိုက်ခိုက်နေတာ ကျနော်တို့ သိရသလောက်ကတော့ စစ်ခွေး ၇ ကောင်သေတယ်။ ဒဏ်ရာရတာတွေလည်း အရမ်းများလို့ လေကြောင်းနဲ့ ဆက်တိုက်ကို ဗုံးကျဲ တိုက်ခိုက်နေတယ်” ဟု ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ဇန်နဝါရီလ ၅ ရက်နေ့ကလည်း ဖလမ်းမြို့ဘက်ကို သိုင်းငင်းရွာဘက်မှ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် ချင်းတော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားကာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားပြီး စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ အလားတူ ဇန်နဝါရီလ ၃ ရက်နေ့ကလည်း ကလေးမြို့ဘက်မှ ဖလမ်းမြို့ဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို CNA အပါအဝင် ချင်းတော်လှန်ရေး တပ်ပေါင်းစုက ခွမ်ကလေးရွာအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article