31 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်ပါတီက ဖွဲစည်းမည့် အစိုးရအဖွဲသစ်မှာ အရင် ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဝန်ကြီးဟောင်း ၅၀ ရာခိုင်နှုန်း ပြန်လည်ပါဝင်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတယ်လို ကြံ့ဖွတ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မြန်မာနိုင်ငံမှာ စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲကို လက်မခံဘူးလို ပြောထားတဲ့ လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေး အဖြေရှာဖို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဖိလစ်ပိုင်မှာ တံခါးပိတ်ဆွေးနွေးနေတယ်လို သိရပါတယ်။
  • မြန်မာနိုင်ငံတစ်ဝန်းမှာ ပြည်သူတွေရဲ့သွေးချွေးတွေ မြေခနေချိန်မှာပဲ အကြမ်းဖက် စစ်အုပ်စုဟာ အထွေထွေရွေးကောက်ပွဲ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အရှက်သိက္ခာမဲ့တဲ့ နိုင်ငံရေး ပြဇာတ်တစ်ခုကို ခင်းကျင်းနေပြီး အဲဒီရွေးကောက်ပွဲမှာ ဗီယက်နမ်ရဲ့ ကိုယ်ကျိုးစီးပွား အခြေခံတွေပါဝင်ပတ်သက်နေ တယ်လို ဗီယက်နမ် မဂ္ဂဇင်းတစ်စောင်မှာဖော်ပြ ထားပါတယ်။
  • အီရန်နိုင်ငံအနေနဲ့ နူကလီးယား လက်နက်ဖြုတ်သိမ်းရေး စားပွဲ၀ိုင်းမှာ လာဆွေးနွေးဖို အချိန် သိပ်မရှိတော့ဘူးလို အမေရိကန် သမ္မတထရမ့်က သတိပေးလိုက်ပါတယ်။ဒါကိုတော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်ကနေ တစ်ဆင့် ထပ်မံသတိပေးလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article