ရန်ကုန်၊ ဇန်နဝါရီလ ၂၉
ကရင်နီ၊ မယ်စဲ့ထောင်မှ ဖောက်ပြေးသွားခဲ့သော စစ်သုံ့ပန်းများတွင် တပ်ရင်းမှူး၊ ဗိုလ်မှူး ကြီး၊ ဗိုလ်မှူးအဆင့်ရှိသူ အရာရှိ ၅ ဦး အပါအဝင် ၇၃ ဦး လွတ်မြောက်သွားပြီး ၈ ဦးအသေနှင့် ၂ ဦး အရှင်သာ ပြန်ဖမ်းမိကြောင်း ကရင်နီပြည် ကြားကာလ အုပ် ချုပ်ရေးကောင်စီ -IEC အထွေထွေအတွင်းရေးမှူး ၂ ဗညားခွန်းအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၁၈ ရက်၊ နံနက် ၁ နာရီခန့်က မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်အတွင်းမှစစ်သုံ့ ပန်း ၇၆ ဦး၊ ထောင်ဝန်ထမ်း ၂ ဦးနှင့် မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ကျခံထားရသူ ၅ ဦး စုစုပေါင်း ၈၃ ဦး ထွက် ပြေးသွားခဲ့ပြီး လက်နက်ငယ် ၉ လက်ကိုလည်း ယူဆောင်သွားကြောင်း၊ ထိုသို့ ထောက်ဖောက်ထွက်ပြေးသူများတွင် စစ်တပ်မှ ဖမ်းဆီးရရှိရသည့် စစ်သုံ့ပန်းအကျဉ်း တပ်ရင်းမှူး၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်ရှိ သူ ၅ ဦး၊ တပ်ကြပ် ကြီးအဆင့်ရှိသူ ၁၅ ဦး ပါဝင်ကြောင်း သိရသည်။
“အကြီးပိုင်းက ၅ ဦးပါတယ်။ တပ်ရင်းမှူးတွေ၊ ဗိုလ်မှူးကြီးတွေ၊ ဗိုလ်မှူးတွေ၊ ဗိုလ်ကြီးတွေက ၅ ဦး ပါတယ်။ တပ်ကြပ်ကြီးတွေအဆင့်က ၁၅ ဦးဝန်းကျင်လောက်ပါတယ်။ ကျန်တာတွေက တပ်သား တွေ ပါပဲ။ ဒီပူးပေါင်းပြီးမှ ကြံစည်မှုကို ဦးဆောင်သွားတဲ့ ၂ ဦးက ကျနော်တို့အရင် ၁၁၁၁ ကာလမှာ ရဲစ ခန်းတစ်ခုကနေ ဖမ်းဆီးရရှိတဲ့ ရဲတွေဖြစ်ပါတယ်။ ရဲစခန်းတစ်ခုကနေ ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ပြီး တော့မှ သူတို့ကို ကျသင့်တဲ့ ပြစ်ဒဏ်စီရင်ချက်ချပြီးတော့မှ စီရင်ခဲ့ကြတယ်၊ နောက်ပိုင်းမှာ ကျနော် တို့က သူတို့ကလည်း လူငယ်တွေလည်း ဖြစ်တယ်၊ နောက်ပြီးတော့ အချုပ်ထောင်လုပ်ငန်းမှာ လည်း တက်တက်ကြွကြွပါဝင်လျက်ရှိတယ်။ အဲလိုဆိုတော့ လူထုတော်လှန်ရေးမှာလည်း တစ်စုံတစ် ရာအကျိုးပြုလိမ့်မယ်လို့ ကျနော်တို့က ယုံကြည်ခဲ့ကြတာပေါ့။ အဲဒါကြောင့် ထောင်ဝန်ထမ်းအဖြစ် ပြန်လည်ခန့်အပ်ပြီးတော့မှ ထောင်ကြီးကြပ်တွေဆီကို ပို့တာ။ အဲဒီကနေမှ ထောင်အမှတ် ၂ ကို ပို့ လိုက်တာ၊ ထောင်အမှတ် ၂ မှာလည်းဝန်ထမ်းလိုအပ်ချက်အရ သူတို့က ရောက်လာတာပေါ့၊ အဲဒီက နေ ဖြစ်သွားတဲ့ ထောင်ဝန်ထမ်း ၂ ဦးပါ။” ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ -IEC အထွေထွေအတွင်းရေးမှူး ၂ ဗညားခွန်းအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ကရင်နီပြည် တရားရေးဌာန၏ အစီရင်ခံစာနှင့် အကျဉ်းသားများ၏ ထွက်ဆိုချက်များကို အခြေခံ၍ လည်းကောင်း၊ ထိုင်းစစ်တပ်၏ အသိပေးချက်အရသော်လည်းကောင်း၊ ထောင်ဖောက် ထွက်ပြေးရန်အတွက် အတွင်း အပြင် ချိတ်ဆက်မှုများကို ၃ လခန့် ကြိုတင်ပြင် ဆင်ခဲ့ကြကြောင်း တွေ့ရကြောင်း၊ ထောင်ဖောက် ထွက်ပြေးရာတွင် (၈-၁၀) ဦး တစ်အုပ်စုဖြင့် အုပ်စုဖွဲ့လှုပ်ရှားခြင်း၊ နယ်စပ်ကို ဖြတ်ကျော်၍ ထိုင်းနိုင် ငံအတွင်း ရောက်ရှိသည့်အခါတွင် ဆုံမှတ်နေရာများကို ကြိုတင်သတ်မှတ်ထားခြင်းနှင့် ဖုန်းဆင်း ကတ်များ ကြိုတင်စီမံ၍ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များပေးထားခြင်း၊ ထောင်ဖောက် ထွက်ပြေးရာ လမ်း ကြောင်းတွင် ပြန်လည်ခုခံရန် အစီအမံများ ချထားခြင်းနှင့် စားနပ်ရိက္ခာများ ယူဆောင်ခြင်းစ သည်ဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရကြောင်း IEC က ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
“ဘယ်လိုသွားလဲဆိုတာ အသေးစိတ်ပြောပြဖို့က ဆက်လက်ပြီးတော့ စုံစမ်းရမယ့်အပိုင်းပေါ့။ သေချာ တစ်ခုက အပြင်ကနေ လာပြီးချိတ်ဆက်မှုရှိတယ်။ အဲဒီကနေမှာ Plan တွေအတူတကွချကြတာ။ ထိုင်းနိုင်ငံကနေတဆင့်လာခေါ်မယ့်သူတွေ ဖုန်းနံပါတ်တွေ အဆင့် ဆင့်ပေါ့။ အစီအစဉ်တကျ ချိတ် ဆက်ထားပြီးသားဆိုတဲ့ ပုံစံမျိုးကို တွေ့ရပါတယ်။ ထောင်ကို ဖောက်ထွင်းပြီးတော့ ၁ နာရီ၊ ၂ နာရီ နီးပါး အစည်းအဝေးထိုင်ကြတယ်။ ၁၁ နာရီခွဲ ဝန်းကျင်မှာ ထောင်ကို စဖောက်ထွင်းနိုင်တယ်။ ၁ နာရီ လောက်မှ ထောင်ကနေ ထွက်သွားကြတာ၊ အဲဒီ ၁ နာရီကျော်ကျော်အစည်းအဝေးထိုင်ပြီးတော့မှ သေချာပြင်ဆင်မှုတွေလုပ်တယ်။ ပြီးတော့ အစုလိုက်ခွဲပြီးတော့ ထိုင်းနိုင်ငံရောက်ရင်လည်း ချက်ချင်း ဆက်ရ မယ့်ဖုန်းနံပါတ်တွေကို တစ်ခါတည်းအစီအမံနဲ့ လုပ်သွားတာပါ။ အဲဒါကြောင့် ဒါကရိုးရိုး ထောင်တွင်း ဖောက်မှုမဟုတ်ပဲနဲ့ အစီအမံနဲ့ ထိုင်းနိုင်ငံရောက်ရင်လည်း ကြိုမယ့်သူ၊ချိတ်ဆက်ပေး မယ့်သူ က အဆင်သင့်ရှိတယ်ဆိုတာတော့ တွေ့ရတယ်။ အဲဒါကိုအခြေခံပြီးတော့ ပြောခြင်းဖြစ် ပါတယ်။ အသေးစိတ်ကိုတော့ အထူးစုံစမ်းရေးအဖွဲ့ကိုတော့ဖွဲ့စည်းပြီး စုံစမ်းဖို့ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။” ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ -IEC အထွေထွေအတွင်းရေးမှူး ၂ ဗညားခွန်းအောင်က ရှင်းပြသည်။
ထောင်ဖောက်ထွက်ပြေးသွားသည့် အကျဉ်းသားများကို ဇန်နဝါရီလ ၁၈ ရက်နံနက်ပိုင်းမှစ၍ နယ် မြေခံ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ နယ်မြေရှာဖွေရှင်း လင်းရေး လုပ်ဆောင်ခဲ့ရာ ပြန်လည်ခုခံ ပစ်ခတ်ခဲ့သဖြင့် ၈ ဦးကို အသေပစ်ခတ် ဖမ်းဆီးခဲ့ရပြီး ၂ ဦး ကို အရှင်ဖမ်းမိခဲ့ကြောင်း၊ ထို့အပြင် ၎င်း တို့ယူဆောင်သွားသည့် လက်နက်ငယ် ၅ လက်နှင့် ကျည်အချို့ကို ပြန်လည်သိမ်းဆည်း ရမိခဲ့ပြီး ကျန်သူများမှာ ထိုင်းစစ်တပ်ထံ လက်နက်ချ အဖမ်းခံခဲ့ကြောင်း သိရသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းကာ ဌာနတွင်း စစ်ဆေးမှု ပြုလုပ် ခြင်းနှင့် ဖြစ်စဉ်အသေးစိပ်ကို အစီရင်ခံတင်ပြခြင်း၊ အကျဉ်းသားများလွတ်မြောက်ရန် ပူးပေါင်း ပါဝင် ခဲ့သော ထောင်အမှုထမ်း ၂ ဦးအား ပြစ်မှုဆိုင်ရာ တရားစွဲဆို အမှုဖွင့်ထားကြောင်း၊ အဖြစ်မှန် ပေါ် ပေါက်ရေးတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းကာ အရေးယူဆောင်ရွက်သွားမည် ဖြစ် ကြောင်း အသိပေးထားသည်။
ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ ကျန်ရှိသည့် စစ်သုံ့ပန်းများအပါအဝင် အကျဉ်း သားများဆိုင်ရာ လုံခြုံရေးအစီအမံကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေများအတိုင်း ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စစ်သုံ့ပန်းများကို ထိန်းသိမ်းခြင်းနှင့် စပ်လျဉ်း၍ သီးခြား အစီအမံ များဖြင့် ဆောင်ရွက်သွားမည့်အပြင် အကျဉ်းထောင် ဝန်ထမ်းအင်အားဖြည့်တင်းရေး၊ လိုအပ်သော အခြေခံ အဆောက်အဦးများ တည်ဆောက်ခြင်းနှင့် အကျဉ်းထောင်လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်း လဲမှု များကိုလည်း ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများမှ နည်းပညာအကူ အညီ နှင့် ရန်ပုံငွေများ အထောက်အပံ့ ပေးအပ်ကြပါရန် ဖိတ်ခေါ်ထားသည်။
ယခုဖြစ်စဉ်ကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်ခဲ့ရသည့်အပေါ် စိတ်မကောင်းဖြစ်ရပြီး ပြည်သူလူထု ၏ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးကို အထူးအလေးထားပါကြောင်းနှင့်သက်ဆိုင်ရာဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များ၊ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ ပြည်သူ့လုံခြုံရေးဆိုင်ရာ အစီအမံ များကို ချမှတ်အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ပြောဆိုထားသည်။
ယခု ဖြစ်ရပ်အတွက် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကရင်နီပြည်လူထုတစ် ရပ်လုံးနှင့် တော်လှန်ရေးအင်အားစုတစ်ရပ်လုံးကို တောင်းပန်ပါကြောင်းနှင့် တာဝန်ယူတာဝန် ခံမှုတို့ ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကြေညာထားသည်။
ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်း ထိုင်းဘက်သို့ ထွက်ပြေးသွားခဲ့သော စစ်သုံ့ပန်း ၆၈ ဦးကို ထိုင်းစစ်တပ်က မြ၀တီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားမှ တဆင့် မြန်မာစစ်တပ်ထံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့သည်။
ဓာတ်ပုံ – ဇန်နဝါရီလ ၂၆ ရက်နေ့ ကရင်နီမှ ထွက်ပြေးလာသော စစ်သုံ့ပန်း ၆၈ ဦးကို ထိုင်းစစ်တပ်က မြန်မာစစ်တပ်ထံသို့ လွှဲပြောင်းနေစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




