32 C
Yangon

ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြိုင်နှင့် ကန့်ဘလူမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ရခိုင်ပြည်နယ်၊ပေါက်တောနှင့် ပုဏ္ဏားကျွန်း မြို့နယ်တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များ၏ သသတင်းဖော်ပြချက်အရ သိရှိရသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၈ မိနစ်မှ မွန်းလွဲ ၃ နာရီ ၄၉ မိနစ်အထိ တိုက်လေယာဉ် ၃ စီးက ပေါက်တောမြို့နယ်၊ သဲခုံရွာနှင့် ဂျင်းချောငးကျေးရွာတို့ကို ဗုံး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာကို စစ်တပ်က ဒရုန်းဖြင့် မီးလောင်ဗုံး ကျဲချသဖြင့် နေအိမ် ၂ လုံးပျက်စီးသွားကြောင်း သိရှိရသည်။

ယင်းအပြင် ယနေ့ မွန်းလွဲ ၁ နာရီ ၂၀ ဝန်းကျင်အချိန် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာ မြောက်ဘက်သို့ စစ်တပ်က စက်တပ်လေထီး ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားကြောင်း မကွေးဒေသအခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ထို့အပြင် ယနေ့ နံနက် ၅ နာရီ ၃ မိနစ်အချိန် စစ်ကိုင်းတိုင်း ကန့်ဘလူနယ်မြောက်ဘက်ခြမ်းသို့ စစ်တပ်က တိုက်လေယာဉ် ၁ စီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ယနေ့ နံနက် ၇ နာရီ ၄၄ မိနစ်မှ နံနက် ၈ နာရီ ၄၅ မိနစ်အတွင်းတွင်လည်း Y-12 လေယာဉ်ဖြင့် ဗုံးကျဲခဲ့ကြောင်း၊ နံနက် ၁၁ နာရီဝန်းကျင်အချိန်တွင်လည်း တိုက်လေယာဉ် ၁ စီးဖြင့် ဗုံး ၃ ကြိမ်ကျဲချသွားခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article