26 C
Yangon

မင်းဘူးမြို့နယ် မုန်​​တောင်ရဲစခန်းကို တိုက်ခိုက်မှု ရဲနှင့် စစ် သားများအား လုံး ထွက်ပြေးသွား၍ ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး မီးရှို့ရှင်းလင်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မကွေးတိုင်း၊ မင်းဘူးမြို့နယ် မုန်​​တောင်ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ချိန် ရဲနှင့် စစ်သား အားလုံး ထွက်ပြေးသွား၍ ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ရဲစခန်းကို မီးရှို့ရှင်းလင်းခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်-၆တပ်ရင်း မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ မင်းဘူးမြို့နယ် အ​နောက်ပိုင်းရှိ မုန်​​တောင်ရဲစခန်းကို မ​ကွေးတိုင်း စစ်ဌာနလက်​အောက်ရှိ မင်းဘူးခရိုင် စစ်ဌာန ကွပ်ကဲမှုဖြင့် မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းမှ ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ စတင်တိုက်ခိုက်ချိန်ကပင် ရဲနှင့် စစ်သား အားလုံးထွက်​ပြေး သွား၍ ရဲစခန်းကို ၁၅ မိနစ်အတွင်း သိမ်းယူနိုင်ခဲ့ကြောင်း၊ စခန်းအတွင်း ရှိ ရဲအသုံးအ​ဆောင်ပစ္စည်းများ ပြည်သူလူထုထံမှ လုယက်ယူထားသည့် ပစ္စည်းတချို့သိမ်းဆည်းရမိခဲ့ပါကြောင်းသိရှိရသည်။

အဆိုပါမုန်​​တောင်ရဲစခန်းမှာ ပြည်သူများကို နည်းလမ်းမျိုးစုံသုံးကာ ​ငွေညှစ်ခြင်း၊ ဖမ်းဆီးခြင်း၊​ လူငယ်များကို ပေါ်တာဆွဲခြင်းများ ပြုလုပ်​နေခြင်း​ကြောင့် ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ရခြင်း ဖြစ်ကြောင်း မင်းဘူးခရိုင် အမှတ်-၆တပ်ရင်း မှ တာဝန်ရှိသူက ရှင်းပြသည်။

“ကျနော်တို့ ​သေနတ်စပစ်ကတည်းက ထွက်​ပြေးကြတာ ရဲက ၂ ​ယောက်ဒဏ်ရာရတယ်။ အဲဒီမှာ စစ်ခွေး အင်အား ၁၂​ ယောက်ရှိတယ်။ လက်နက်တွေ သိမ်း ဆည်းရမိတာမရှိဘူး။ အဲဒီကောင်က တန်းပြီးထွက်​ပြေးကြတာ ပြည်သူ​တွေကို စစ်တပ်တွေ အနားမ​နေကြဖို့ဘဲ တိုက်တွန်းချင်ပါတယ်”ဟု မင်းဘူးခရိုင် အမှတ်-၆တပ်ရင်း မှ တာဝန်ရှိသူကပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်၊အမှတ် ၆ တပ်ရင်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တပ်ရင်းအ​နေဖြင့် လုပ်ငန်းရှင်များအပါ အဝင် မည့်သူတစ်ဦးတစ်​ယောက်ထံမှ အလှူခံခြင်း၊ ခြိမ်း​ခြောက်​ငွေ​တောင်းခံခြင်းလည်း မရှိကြောင်း၊ မင်းဘူးမြို့နယ်အတွင်းရှိ ပြည်သူများအ​နေဖြင့် စစ်​ကော်မရှင်တပ်သားများ၊ ရဲများနှင့် စစ်စခန်းများအနီးတွင် မ​နေထိုင်ကြရန် ​မင်းဘူးခရိုင် အမှတ် ၆ တပ် ရင်းက အသိပေး နှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article