26 C
Yangon

ဒဂုံမြို့သစ်ဆိပ်ကမ်း တွင် နာမည်ဆိုးဖြင့်ကျော်ကြားသော အုပ်ချုပ်ရေးမှူးဟောင်း တောက်တဲ့ (ခ) ဇော်လွင်ကို အမှတ် ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖြစ် ပြန်လည်ခန့်အပ်မှု ပြည်သူများ ချီတက် ကန့်ကွက်ဆန္ဒပြ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် ပြည်သူများကို ငွေညှစ်ပြီး မြေလွတ်မြေကွက်များကို အကွက်ရိုက် ရောင်းစားနေသော အမှတ် ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖြစ် ပြန်လည်ခန့်အပ်ရန် ပြင်ဆင်လာမှု အပေါ် ရပ်ကွက်နေ ပြည်သူများက ချီတက် ဆန္ဒပြကြကြောင်း အဆိုပါ ရပ်ကွက်မှ ပြည်သူများ ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ည ၁၀ နာရီအချိန်နှင့် ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ အမှတ် ၈၈ ရပ်ကွက်မှ ပြည်သူများက တောက်တဲ့ (ခ) ဇော်လွင်ကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖြစ် ပြန်လည်ခန့်အပ်မှုအပေါ် မကျေနပ်သည့်အတွက် ချီတက် ဆန္ဒပြခြင်း၊ ရပ်ကွက်ရုံးရှေ့တွင် သွားရောက် ဆန္ဒပြခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်

“အုပ်ကြီး ကို မကျေနပ်လို့ ရပ်ကွက်နေပြည်သူတွေက ရပ်ကွက်ရုံးအထိ ချီတက် စုဝေး ဆန္ဒပြကြတယ်။ အဲဒီလို ဆန္ဒပြလို့ စရဖ နှင့် ရဲတပ်ဖွဲ့မှ လူစုခွဲခဲ့ရတယ်။ စစ်မှုထမ်းကြေးဆိုပြီးတော့။ နောက်ပြီး ရပ်ကွက်ထဲမှာ မြေလွတ်မြေကွက်တွေကို အကွက်ရိုက်ရောင်းတယ်။ ဧည့်စာရင်းကြေးဆိုပြီး ငွေအရမ်းတောင်းတယ်။ ပြည်သူကို ပုံစံမျိုးနဲ့ နှိပ်ကွပ်နေတာ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် ယာယီအုပ်ချုပ်ရေးမှူးက ရပ်ကွက်အတွင်းမှ ၎င်း၏ အမာခံ များအပါအဝင် ရပ်ကွက်ပြည်သူတချို့ကို ငွေပေးကာ ၎င်းကို ရပ်ကွက်အုပ်ချုပ် ရေးမှူးအဖြစ် ဆက်လက် ခန့်ထားရေး ထောက်ခံခိုင်းနေကြောင်း သိရှိရသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် ၈၈ ရပ်ကွက်မှ ယာယီ ရပ်ကွက်အုပ်ချုပ်ရေးမှူး တောက်တဲ့နှင့်အဖွဲ့က ၂၀၂၅ ခုနှစ် အောက်တိုဘာလမှ စတင်ကာ အမှတ် ၈၈ ရပ်ကွက်၊ ကံကော်မြိုင်လမ်းရှိ ပလပ်မြေကွက်လွတ်များပေါ်တွင် ကျူးကျော်နေအိမ် ၂၀ ခန့်ကို အခကြေးငွေရယူ၍ အကွက်ရိုက်ဆောက် လုပ်နေထိုင်ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရပ်ကွက်အတွင်းရှိ ဘေးတွဲသုံးဘီးဆိုင်ကယ် အစီးရေ ၅၀၀ နီးပါးကို တစ်စီးလျှင် လစဉ် ၅,၀၀၀ ကျပ်နှုန်းဖြင့် “လိုင်းကြေး” ဟု အမည်တပ်ကာ တစ်လလျှင် စုစုပေါင်း ငွေကျပ် ၂၄ သိန်းခန့်ကို တရားမဝင် ကောက်ခံလျက်ရှိကြောင်း သိရှိရသည်။

” အမှတ် ၈၈ ရပ်ကွက်အတွင်း စစ်မှုထမ်းတပ်သားသစ်ကို အကြောင်းပြပြီး စစ်မှုထမ်းအမည်ပါသူ ‌နေအိမ်တစ်အိမ်ကို ၂၀,၀၀၀ ကျပ်နဲ့ တခြား အိမ်ထောင် စုဇယား၊ဧည့်စာရင်း၊ကျူးကျော် အိမ်တွေကလည်း အိမ် ၁၀,၀၀၀ ကျပ် လတိုင်းကောက်နေတာ”ဟု ‌ရပ်ကွက်နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ ငွေကြေးများကို ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၅,၀၀၀ ကျော်ထံမှ လစဉ်ကောက်ခံနေခြင်းဖြစ်ပြီး တစ်လလျှင် သိန်းပေါင်း ၅၀၀ ကျော်အထိ ရှိကာ အဆိုပါ ငွေများကို အုပ်ချုပ်ရေးအဖွဲ့က ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ်နေခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရှိရသည်။

မြလှိုင်မှာ ယာယီအုပ်ချုပ်ရေးမှူးဖြစ်ပြီး တောက်တဲ့(ခ) ဇော်လွင်မှာ ယခင်အုပ် ချုပ်ရေးမှူးဖြင်္စကာ မူးယစ်ဆေးဝါမှုကြောင့် အဖမ်းခံခဲ့ရရာမှ ယခု အုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည် ခန့်အပ်ခံရသူဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article