25 C
Yangon

KNU ဗဟိုဌာနချုပ် တပ်မဟာ ၇ သို့ အကြမ်းဖက်စစ်တပ်က ကာမီကာဇေ အသေခံဒရုန်းများဖြင့် တိုက်ခိုက်နေပြီး လတ်တလော ထိခိုက်ပျက်စီးမှုမရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ကရင်ပြည်နယ်အတွင်း KNU ဗဟိုဌာနချုပ်တည်ရှိရာ တပ်မဟာ ၇ သို့ အကြမ်းဖက်စစ်တပ်က ကာမီကာဇေ ဒရုန်းများဖြင့် တိုက်ခိုက်နေပြီး လတ်တလော ထိခိုက်ပျက်စီးမှုမရှိကြောင်း KNU စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်၊ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တို့တွင် အကြမ်းဖက်စစ်တပ်က ကာမီကာဇေ ဒရုန်းများဖြင့် KNU ဗဟိုဌာနချုပ်သို့ တိုက်ခိုက်နေခြင်းဖြစ်ပြီး ယခင်က ဒရုန်းကျထားခဲ့ဖူးသော နေရာများသို့ပင် ထပ်မံ၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ယနေ့ နံနက် ၈ နာရီအချိန်တွင်လည်း စစ်တပ်၏ ကာမီကာဇေ ဒရုန်း ၁ စီး ထပ်မံ ဝင်ရောက်လာသော်လည်း ပေါက်ကွဲသံမကြားရကြောင်း KNU စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

“အခုထက်ထိတော့ အထိအခိုအပျက်အစီး မသိရသေးဘူး။ ဒရုန်းနဲ့ တိုက်ခိုက်တဲ့နေရာတွေက ကရင့်တော် လှန်ရေးနေ့လို နေ့ထူးနေ့မြတ်တွေ လုပ်တဲ့ စစ်ရေးပြကွင်းနဲ့ အဲဒီပတ်ဝန်းကျင်က အဆောက်အအုံတွေပဲ။ အရင်တုန်းက ဒရုန်းနဲ့ပစ်တဲ့နေရာတွေပဲ ထပ်ပစ်တာ။ အဲဒီနေရာတွေကို ဒရုန်းနဲ့မှတ်ပုံတင်ထားတာလားမပြောတတ်ဘူး။ အထိအခိုက်အပျက်အစီးတော့ အခုထက်ထိ ဘာမှ မကြားရပါဘူး” ဟု KNU စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

အကြမ်းဖက်စစ်တပ်က KNU ဗဟိုဌာနချုပ် နယ်မြေဖြစ်သော တပ်မဟာ ၇ သို့ လေကြောင်းဖြင့် ဗုံးကျဲခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ အကြမ်းဖက်စစ်တပ်က KNU ဗဟိုဌာနချုပ်နယ်မြေအတွင်းသို့ အသေခံ ဒရုန်းများဖြင့် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သေးသည်။

ယမန်နှစ် ဇွန် ၁၁ ရက်နေ့ ည ၁၂ နာရီဝန်းကျင်အချိန်ကလည်း စစ်ကောင်စီတပ် အသေခံဒရုန်း ၇ စီးဖြင့် KNU တပ် မဟာ ၇ နယ်မြေ၊ KNU ဗဟိုဌာနချုပ်ရုံးအနီးသို့ အသေခံဒရုန်း ၇ စီးဖြင့် စစ်တပ်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ အသေခံဒရုန်း ၇ စီးအနက်မှ ၅ စီးပေါက်ကွဲခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ပေ။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ကလည်း KNU ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၇ နယ်မြေ၊ KNU ဌာနချုပ်ရုံးကို ကာမီကာဇီ အသေခံဒရုန်း ၂ လုံး တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် KNU တပ်မဟာ ၇ နယ်မြေ၊ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ဗဟိုဌာနချုပ်ရှိရာ နေရာကိုလည်း ကာမီကာဇီဒရုန်း ၄ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

KNU သည် NCA လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့ကြီးတစ်ခုဖြစ်သော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစတင်၍ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် အရှိန်အဟုန်ဖြင့် ဦးဆောင်ကာ စစ်တပ်ကို ဆန့်ကျင် တိုက်ခိုက်နေသော တော်လှန်ရေးအင်အားစုကြီးဖြစ်သည်။

ဓာတ်ပုံ- KNU ဗဟိုဌာနချုပ်ရှိ စစ်ရေးပြကွင်းနှင့် ယခင်က တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော စစ်တပ်၏ အသေခံဒရုန်း အပျက်အစီးများ။ (ပုံအဟောင်းများကို အသုံးပြုထားပါသည်။)

This handout from the Karen National Union (KNU) taken on January 31, 2019 and received on April 4, 2021 shows soldiers taking part in a parade for the 70th anniversary of the Karen revolution at a remote base on the Thai-Myanmar border, as ten of Myanmar’s major rebel groups including the KNU threw their support behind the country’s anti-coup movement. (Photo by Handout / KAREN NATIONAL UNION (KNU) / AFP) / —–EDITORS NOTE — RESTRICTED TO EDITORIAL USE – MANDATORY CREDIT “AFP PHOTO / KAREN NATIONAL UNI
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article