38 C
Yangon

မြန်မာနိုင်ငံမှ New Yorker ၊ Next Plc နှင့် LPP အပါအဝင် ကမ္ဘာကျော် အဝတ်အထည် အမှတ်တံဆိပ်တချို့ ထွက်ခွာရန် တောင်းဆိုထားသော်လည်း နုတ်ထွက်ရန် ကြန့်ကြာနေမှု ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် IndustriALL က ဝေဖန်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

မြန်မာနိုင်ငံတွင် ကမ္ဘာကျော် New Yorker၊ Next Plc နှင့် LPP အမှတ်တံဆိပ်များ ထွက်ခွာရန် တောင်းဆိုထားသော်လည်း လက်ရှိအချိန်အထိ လုပ်ငန်းများ ရပ်ဆိုင်းနုတ်ထွက်ရန် ကြန့်ကြာနေသည့်အပေါ် ကမ္ဘာ့အလုပ် သမားအဖွဲ့ချုပ်ဖြစ်သော IndustriALL က ဝေဖန်လိုက်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့သည်မှာ ၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း ကမ္ဘာကျော် အဝတ် အထည်အမှတ်တံဆိပ်အချို့မှာ မြန်မာ နိုင်ငံမှ တာဝန်ယူမှုရှိစွာဖြင့် နုတ်ထွက်ရန် ပျက်ကွက်နေကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများနှင့် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်-IndustriALL တို့က New Yorker ၊ Next Plc နှင့် LPP အဝတ်အထည်အမှတ်တံဆိပ်များ၏ ဌာနနိုင်ငံများဖြစ်သော ဂျာမနီ၊ ယူကေ နှင့် ပိုလန်နိုင်ငံတို့မှ အမျိုး သားဆက်သွယ်ရေးဗဟိုဌာန-NCPများထံသို့ OECD လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းများ ရပ်ဆိုင်းကြရန်၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန် လည်တည်ဆောက်သည့်အချိန်အထိ တာဝန်ရှိစွာ လုပ်ငန်းဆက်ဆံမှုကို ရပ် ဆိုင်းရန် တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။

သို့သော် သက်ဆိုင်ရာနိုင်ငံများ၏ NCP က OECD ၏ လမ်းညွှန်ချက်ပါ သတ် မှတ်အချိန် ၆ လကျော်သည့်တိုင် ကနဦးစစ်ဆေးမှုများ ပြုလုပ်ရန် ပျက်ကွက်နေကြောင်း၊ ထိုသို့ အရေးယူဆောင်ရွက်မှု မရှိခြင်းကြောင့် ကမ္ဘာကျော်အမှတ်တံဆိပ်တချို့မှာ မြန်မာနိုင်ငံသို့ အထည် အမှာများ ဆက်လက်ပေးပို့နေကြောင်း၊ ထို့ကြောင့် မြန်မာ နိုင်ငံအတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို ပိုမိုသက်ဆိုးရှည်စေရုံသာမက စစ်တပ်နှင့် ဆက်နွှယ်နေသည့် စီး ပွားရေးလုပ်ငန်းများအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်စီးဝင်နေစေရန် ခွင့်ပြုပေးရာရောက်နေကြောင်း IndustriALL က ထောက်ပြပြောဆိုသည်။

မြန်မာနိုင်ငံ၏ စစ်အုပ်ချုပ်ရေးအောက်တွင် လုပ်ငန်းခွင်အတွင်း လူ့အခွင့် အရေး စစ်ဆေးမှုများ ပြုလုပ်ရန် မဖြစ်နိုင်ဘဲ သေနတ်မိုးထားသောကြောင့် အလုပ်သမားအခွင့်အရေးစစ်ဆေးမှုများ ပြုလုပ်ရန်မှာလည်း မဖြစ်နိုင်ကြောင်း IndustriALL ၏ အထွေထွေအတွင်းရေးမှူး Atle Høie က မှတ်ချက်ပြုပြောကြားသည်။

စစ်အုပ်ချုပ်ရေးအောက်တွင် စက်ရုံများမှာ စစ်တပ်နှင့် ရဲတပ်ဖွဲ့၏ တိုက်ရိုက်ဝင်ရောက်စွက်ဖက်မှုများ ရှိနေပြီး အလုပ်သမားများမှာလည်း အချိန်မရွေး ဖမ်းဆီးတရားစွဲဆိုခံရနိုင်သည့် ခြိမ်းခြောက်မှုများအကြားတွင် အလုပ်လုပ်နေရကြောင်း ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးဆိုင်ရာ အခြေခံအဆောက်အအုံများ လုံးဝပျက်စီးသွားပြီဖြစ်ကြောင်း၊ အထည်ချုပ်ကဏ္ဍတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ စနစ်တကျ ဖြစ်ပေါ်နေကြောင်း နိုင်ငံ တကာကျွမ်းကျင်သူများက ထောက်ပြထားသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က မြန်မာစစ်တပ်အပေါ် ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ (Article 33) အရ အရေးယူရန် ဆုံးဖြတ်ခဲ့ပြီး ထိုဆုံးဖြတ်ချက်အရ အစိုးရများ၊ အလုပ်ရှင်များနှင့် အလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် စီးပွားရေးဆက်ဆံမှုများ၊ ရန်ပုံငွေစီးဆင်းမှုများနှင့် ထောက်ပံ့ရေးကွင်းဆက် ချိတ် ဆက်မှုများကို ချက်ချင်းပြန်လည်သုံးသပ်ပြီး ရပ်တန့်ရမည်ဖြစ်ကြောင်း သိရှိရသည်။

IndustriALL က မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်မရရှိမချင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို ရုပ်သိမ်းခြင်း သည်သာ OECD လမ်းညွှန်ချက်များနှင့် ကိုက်ညီသည့် တစ်ခုတည်းသော မှန်ကန်သည့် လမ်းစဉ်ဖြစ်ကြောင်း၊ သက် ဆိုင်ရာနိုင်ငံများ၏ NCP များအနေဖြင့် ၎င်းတို့၏ လုပ်ငန်းစဉ်များကို အချိန်မဆွဲဘဲ ထိရောက်စွာ အကောင်အထည်ဖော်ရန် တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article