28 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် မြန်မာစစ်တပ်အပေါ် ပိုမိုပြင်းထန်တဲ့ ဖိအားနှင့် အရေးယူမှုတွေ လုပ်ဖို့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ထိရောက်တဲ့ နည်းလမ်း လက်နက်တွေ အဆင်သင့်ရှိနေတယ်လို့ အမေရိကန်ဘဏ္ဍာရေး၀န်ကြီး Scott Bessen က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖေဖော်ဝါရီ ၅ ရက်က စစ်အုပ်စု ထိန်းချုပ်ခံ ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့ ပေးအပ်လိုက်ပါတယ်။ အဲ့ဒီ ဘွဲ့ရတဲ့အတွက် မင်းအောင်လှိုင် က ကိုယ်ပိုင်အောင်မြင်မှုလို မခံယူဘဲ နိုင်ငံတော်အတွက် တာဝန်ယူရမယ့် အခန်းကဏ္ဍ အသစ်လို့ ခံယူတယ်ဆိုပြီး ပြောခဲ့ပါတယ်။

ရှမ်းပြည်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲ ဦးဆောင်ကော်မတီကို ဖွဲ့စည်းလိုက်ပြီး ရှမ်းပြည်အတွင်းက အဖွဲ့အစည်းတွေ၊ လူမျိုးစုများအားလုံး ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ထားတယ်လို့ သျှမ်းပြည်အမျိုးသားညီလာခံ ပြောရေးဆိုခွင့်ရှိသူက ရန်ကုန် ခေတ်သစ်ကိုပြောပါတယ်။

ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းမှာ ကနေဒါနှင့် ပြင်သစ် ကောင်စစ်ဝန်ရုံးတွေ ဖွင့်လှစ်လိုက်ပြီး အမေရိကန်ထရန့်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ပထဝီနိုင်ငံရေးအခြေအနေတွေ ဆက်လက်တင်းမာနေဆဲဖြစ်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article