26 C
Yangon

သံတောင်မြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင် ပစ်ခတ်မှုကြောင့် ကလေးမိခင် ၁ ဦးသေဆုံး၊ ထားဝယ်နှင့်သံတွဲမြို့နယ်တို့တွင် လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု သံဃာ ၁ ပါး အပါအဝင် လူ ၃ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ တောင်ငူခရိုင်၊ သံတောင်မြို့နယ်တွင် စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေး ၂ ဦး၏ မိခင်အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ လ ၃ ရက် နေ့ နံနက် ၉ နာရီခွဲအချိန် စစ်တပ်၏ ထို့ဘိုကြီးစစ်စခန်းက လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ သံတောင်မြို့နယ် ဖိုးဝါးချောင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦး၏ မိခင် အသက် ၃၈ နှစ်အရွယ် နော်နီကမွီး လက်နက်ကြီး ထိမှန်ပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၉ နာရီအချိန် တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ်၊ ဟိန္ဒား‎ကျေးရွာသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သံဃာ ၁ ပါး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း ထိမှန် ပျက်စီးသွားခဲ့ကြောင်း၊စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင်‌ ၃၀၀ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန် ရခိုင်ပြည်နယ်သံတွဲမြို့၊ အမှတ် ၃ ရပ်ကွက်သို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၅၀ နှစ်အရွယ် ဦးအောင်သန်းလင်းနှင့် ဦးသက်အောင်တို့ ၂ ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအတွင်း အမှတ် ၃ ရပ်ကွက်မှ နေအိမ် ၉ လုံးလည်း ပျက်စီးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article