26 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက် ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်တွေမှာရှိတဲ့ ပျူစောထီး စခန်း ၄ ခုကို သိမ်းပိုက်ပြီး စစ်တပ်စစ်ကြောင်းကိုပါတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး စုစုပေါင်း ၉၆ ဦး သေဆုံးခဲ့ပြီး ဒုဗိုလ်မှူးကြီး အောင်မျိုးဦး အပါအဝင် ၁၀၁ ဦးကို အရှင်ဖမ်းဆီးရရှိခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

မဲခေါင်မြစ်ပေါ်မှာ တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း ဆိုတဲ့ နိုင်ငံ ၄ နိုင်ငံ ပူးပေါင်းလုပ်ဆောင်တဲ့ ၁၆၂ ကြိမ်မြောက် ကင်းလှည့်နဲ့ လုံခြုံရေးလုပ်ငန်းကို ဖေဖော်ဝါရီ ၁၀ ရက် မနက်ပိုင်းက ပြန်လည်စတင်ခဲ့ တယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာ CCTV က သတင်းဖော်ပြပါတယ်။

မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ ချောင်းကြီးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ တိုက်ပွဲအတွင်း အထိနာပြီး မြို့ပေါ်ကို ပြန်ဆုတ်သွားခဲ့ရပြီးနောက် အခုတော့ ဘော်ဗဒါန်းရွာဘက်ကို ထပ်မံ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ မိုးကုတ်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောပါတယ်။

အီရန်နိုင်ငံမှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ကျရောက်တဲ့ ၁၉၇၉ ခုနှစ် အစ္စလာမ္မစ်တော်လှန်ရေး ၄၇ နှစ်ပြည့် အထိမ်းအမှတ်နေ့အခမ်းအနားအတွင်း သမ္မတ ပီဇက်ရှ်ကီယန်က ပြီးခဲ့တဲ့နှစ်တွေအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲတွေမှာ အစိုးရဘက်က နှိမ်နင်းမှုကြောင့် ထိခိုက်နစ်နာခဲ့ရသူတွေကို တရားဝင်တောင်းပန်လိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article