ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
MDY PDF ကို အထူးလှုပ်ရှားတပ်မ အဖြစ်ပြောင်းလဲဖွဲ့စည်းနိုင်မှုသည် နွေဦးတော်လှန်ရေး၏ အဆုံး သတ်ပန်းတိုင်သို့ ရောက်ရှိစေရန် မောင်းနှင် ပေးနိုင်သော အဓိက တွန်းအားတခုဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျရောက်သော ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဖွဲ့စည်းတည်ထောင်ခြင်း ၅ နှစ်ပြည့်သို့ ပေးပို့သော သဝဏ်လွှာတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။
ယခုအခါ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာ ကွယ်ရေးဝန်ကြီးဌာန ၊ စစ်ရုံးချုပ်၏ ကွပ်ကဲမှုအောက်တွင် ”အထူးလှုပ်ရှားတပ်မ”အဖြစ် တော်လှန် ရေး တာဝန်များကို ဆက်လက်ထမ်းဆောင်လျက်ရှိပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဦး လည်မသုန် တိုက်ပွဲဝင်သွားမည်ဖြစ်ပါကြောင်း အထူးလှုပ်ရှားတပ်မ (MDY-PDF)က ထုတ်ပြန်ထား သည်။
အထူးလှုပ်ရှားတပ်မ (ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး)အနေနှင့် နွေဦးတော်လှန်ရေး သမိုင်းတလျှောက် စုစည်းကျစ်လစ်မှု၊ စစ်ပုံကျမှုနှင့် တိုက်ခိုက်ရေးစွမ်းရည်ကဏ္ဍများတွင် ထူးခြား ပြောင်မြောက်သည့် ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံပြီး ပြည်သူလူထု၏ အထူးအားကိုးယုံကြည်မှုကို ရရှိခဲ့သည့် တပ်ဖွဲ့တခုအဖြစ် ၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်းမန်း စစ်ဆင်ရေးအပါအဝင် စစ်နယ်မြေ အသီးသီး၌ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိ ပေးထားသည်။
ယနေ့ကျရောက်သည့် အထူးလှုပ်ရှားတပ်မ (ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး)၏ ၅ နှစ် မြောက် နှစ်ပတ်လည်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်၏ ကွပ်ကဲမှုအောက်၌ စွမ်းရည် ငါးရပ်နှင့် ပြည့်စုံပြီး နွေဦးတော်လှန်ရေး၏ အဆုံးသတ်ပန်းတိုင်သို့ ရောက်ရှိအောင် မောင်း နှင်ပေးနိုင်သော အဓိက တွန်းအားတခုအဖြစ် အားကောင်းမောင်းသန် ဆက်လက်ရပ်တည်ကာ လွတ် လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ဖြင့် ထုံမွှန်းသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု သစ် ဆီသို့ အခြားသော တော်လှန်ရေးအင်အားစု အသီးသီးနှင့် အတူတကွ လက်တွဲကြိုးပမ်း တိုက်ပွဲဝင် နိုင်ရေး ဆန္ဒမွန်ပြုလျက် ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါကြောင်း ဆက်လက်ပြောဆိုထား သည်။
အထူးလှုပ်ရှားတပ်မ (ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး) သည် ၂ဝ၂၁ ခုနှစ် အကြမ်းဖက် စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးတွင် ပြည်သူ့ကာကွယ် ရေးတပ်မတော်၏ အရေးကြီးသော အစိတ်အပိုင်းတခုအဖြစ် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖယ် ရှားရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ထွန်းကားရေးအတွက် တိုက်ပွဲဝင်ခဲ့ရာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ၅ နှစ်ပြည့်ခဲ့ပြီ ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာတွင် ဖော်ပြထားသည်။
နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူလူထုထဲမှ မွေးဖွားပေါ်ပေါက်လာခဲ့သည့် “ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(မန္တလေး)” သည် တော်လှန်ရေး၏ အနိမ့်အမြင့် အတက်အကျ လောကဓံ တရားကို ကြံ့ကြံ့ခံဖြတ်သန်းရင်း ၅ နှစ် ပြည့်ခဲ့ပြီ ဖြစ်ကြောင်း၊ လက်နက်ကိုင်တော်လှန်ရေး စတင် လုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကို အစွဲပြုပြီး တပ် မွေး နေ့အဖြစ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း အထူးလှုပ်ရှားတပ်မ -MDY PDF က ထုတ်ပြန်ထားသည်။




