31 C
Yangon

စစ်အာဏာရှင်စနစ် ပျက်စီးပြိုလဲစေရန် ပြည်သူနှင့်အတူ တိုက်ပွဲဝင်မည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြော

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒ ယန္တရားများ ပျက်စီးပြိုလဲသွားစေရန် တိုင်းရင်းသားညီ အကိုများ ပြည်သူလူထုများနှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ကျရောက်သော ၂၂ ကြိမ်မြောက် မွန်အမျိုးသမီးနေ့ အထိမ်း အမှတ်အဖြစ် ထုတ်ပြန်ကြေညာသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်အုပ်စုမှ အာဏာသိမ်းပြီးနောက် ပြည်သူအများက လက်မခံ ဆန္ဒပြတော်လှန်ခဲ့ကြရာ စစ်အာဏာရှင်အုပ်စုဘက်မှ ပြည်သူများအား မတရားသဖြင့် ရက်စက် ကြမ်းကြုတ်စွာ ဖမ်းဆီးညှဉ်းပန်းသတ်ဖြတ်ခဲ့သဖြင့် ပြည်တွင်းစစ် ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။

ယင်းပြည်တွင်း စစ်အတွင်း အမျိုးသမီး ကလေးသူငယ်များသည် လိင်အကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ နေ့စဉ်နှင့်အမျှ ရင်ဆိုင် ခံစားနေကြရပြီး နိုင်ငံအနှံ့ တိုင်းရင်းသား ပြည်သူများ အ ကြား နေအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ရာခိုင်နှုန်း နေ့စဉ်တိုးလျက်ရှိကြောင်း၊ နိုင်ငံရေးမတည်ငြိမ်မှု များ လုံခြုံရေး စိုးရိမ်ရမှုများအကြားတွင် အမျိုးသမီးများ၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ၊ မကျန်းမာသူများသည် အများဆုံး ဒုက္ခရောက်သူများဖြစ်ကြောင်း သိရသည်။

ထို့အပြင် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး စသဖြင့် ကဏ္ဍပေါင်းစုံမှ ယုတ် လျော့ ကျဆင်းလျက်ရှိပြီး ယခုဖြစ်ပေါ်နေသော နိုင်ငံရေးပဋိပက္ခအခြေအနေများ၏ အရင်းခံအ ကြောင်း တရားများ ဖြစ်သည့် စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒ ယန္တရားကြောင့်ဖြစ်ပြီး ယင်း စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒယန္တရားများ ပျက်စီးပြိုလဲသွားစေရန်အတွက် တိုင်း ရင်းသားညီအကိုများ ပြည်သူလူထုများနှင့် အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောဆိုထား သည်။

ထို့ကြောင့် စစ်အာဏာရှင်နှင့်တကွ အာဏာရှင်စနစ်မှန်သမျှအား စုပေါင်းတိုက်ဖျက်ကာ တိုင်းရင်း သား ပြည်သူတရပ်လုံး၏ ဆန္ဒကို အခြေခံသော တာဝန်ခံမှုအပြည့််အဝရှိသည့် ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေးကို ဆောင်ရွက်သွားရန်၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ အမြန်ဆုံး ရပ်တန့်နိုင်ရန်နှင့် အမျိုးသမီးများ ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်ကာ တာဝန်ခံမှု အပြည့်အဝ ရယူနိုင်ရန် မွန်ပြည် ဖက် ဒရယ်ကောင်စီက တောင်းဆိုထားသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီအနေဖြင့် အဆိုပါ တောင်းဆိုချက် နှစ်ရပ်အပြင် အမျိုးသမီးများ တန်းတူ ဦးဆောင်ပါဝင်နိုင်ရေးအတွက် မူဝါဒများတွင် ထည့်သွင်းချမှတ်ကာ အစဉ်တစိုက် တိုက်တွန်းလျက် ရှိပြီး မွန်အမျိုးသမီးများ ဘဝတိုးတက်ရေး၊ လုံခြုံရေးနှင့်အမျိုးသမီးများ နိုင်ငံရေးကဏ္ဍတွင် ဦးဆောင် မှုကဏ္ဍမှ ပါဝင်ရေးတို့အား ရည်မှန်းကာ အကောင်အထည်ဖော် လှုပ်ရှားလျက် ရှိကြောင်း အသိပေး ထားသည်။

ထို့အပြင် မွန်အမျိုးသမီးများအနေဖြင့်လည်း လူမျိုးစုလွတ်မြောက်ရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်း ခွင့် ရှိသည့် မွန်ပြည်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တို့တွင် နိုးကြားတက်ကြွစွာ ပူး ပေါင်းပါဝင်ကြပါရန် တိုက်တွန်းထားသည်။

ယနေ့ မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေးအခြေအနေများသည် အမျိုးသမီးနှင့် ကလေး သူငယ်များအပေါ် ကြီးမားသော သက်ရောက်မှုရှိပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီအနေဖြင့် နေအိမ် စွန့်ခွာ စစ်ဘေးရှောင်နေကြရသည့် အမျိုးသမီးနှင့် ကလေးသူငယ်များအား လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးရုံမက အမျိုးသမီးများ သက်ဆိုင်ရာ နယ်ပယ်အလိုက် ပါဝင် ဦး ဆောင်နိုင်ရန်လည်း ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အလားတူ အမျိုးသမီးများ၏ လုံခြုံရေး၊ လူ့ဂုဏ်သိက္ခာနှင့် အခြေခံအခွင့်အရေးများကို ကာ ကွယ်ထိန်းသိမ်းရန်အတွက် အရေးကြီးပြီး အတူတကွပူးပေါင်းဆောင်ရွက်ပေးကြပါရန် ရာမည ဖက် ဒရယ်အင်အားစုသစ်- NRFF က ယနေ့ ၂၂ ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ အထိမ်းအမှတ် ထုတ်ပြန် တိုက်တွန်းလိုက်သည်။

လက်ရှိကာလသည် မွန်အမျိုးသမီးများ၏ လုံခြုံရေး၊ လူ့ဂုဏ်သိက္ခာနှင့် အခြေခံအခွင့်အရေးများကို ကာကွယ်ထိန်းသိမ်းရန်အတွက် အရေးကြီးသည့် အခြေအနေတရပ် ဖြစ်နေဆဲဖြစ်ပြီး မွန်ဒေသရှိ အမျိုးသမီးများ ဘေးကင်းလုံခြုံမှုရှိစေရေး၊ အသက်ရှင်ကျန်ရစ်သူ အမျိုးသမီးများ အတွက် တရား မျှတမှု ရရှိရေး၊ စစ်အာဏာရှင်ကျဆုံးရေးတွင် တက်ကြွစွာလှုပ်ရှားပါဝင်ရေးနှင့် ကဏ္ဍ အသီးသီးတွင် ဦးဆောင်ခွင့်၊ ဆုံးဖြတ်ခွင့်နှင့် အဓိပ္ပါယ်ရှိစွာ ပါဝင်ခွင့် ရရှိရေး တို့ကို ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းတောင်းဆိုထားခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယနေ့အချိန်အထိ ၅ နှစ်တာ ကာလအတွင်း မွန်ပြည်နယ်တွင် အမျိုးသမီး ၉၂ ဦး သတ်ဖြတ်ခံထားရပြီး ၄၆၆ ဦးထက်မနည်း ဖမ်း ဆီးခံထားရကြောင်း၊ ယနေ့အထိ ၃၂၆ ဦးထက်မနည်း အကျဉ်းချခံထားရပြီး ၆၁ ဦးထက်မနည်း ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် အမျိုသမီး ၇၆,၀၀၀ ဦးထက်မနည်းထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်နယ်အတွင်းရှိ ဒေသ အချို့တွင် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား စစ်မှုထမ်းအမျိုးသမီးစာရင်းများကို လိုက်လံကောက်ယူ လျက်ရှိကြောင်း သိရသည်။

အဆိုပါ အချက်အလက်များသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၅ နှစ်အတွင်း မွန် ဒေသရှိ အမျိုးသမီးများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှု များကို ရာမညဖက်ဒရယ်အင်အားစုသစ်မှ ကောက်ယူရရှိထားသော အချက်အလက်များကို အခြေခံ ကာ ထုတ်ပြန်ထားခြင်းဖြစ်ပြီး လက်တွေ့မြေပြင်တွင် ပိုမိုများပြားနိုင်ကြောင်း ရာမညဖက်ဒရယ်အင် အားစုသစ်က အသိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article