26 C
Yangon

ဖလမ်းမြို့နယ်၊ လုမ်းဘန်ရွာကို စစ်တပ်ကလေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ မတ် ၁

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုမ်းဘန်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဖလမ်းမြို့နယ်၊ လုမ်းဘန်(Lumbang)ရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

“ပြည်သူတွေကတော့ လုံခြုံတဲ့ နေရာမှာ ရွေ့ပြောင်းနေထိုင်နေကြတော့ ထိခိုက်တာတော့မကြားမိသေးဘူး။ နေအိမ်တွေတော့ ပျက်စီးမှုရှိတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က လုမ်းဘန်(Lumbang)ရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အကြမ်းဖက်စစ်တပ်ဘက်မှ အရာရှိ ၉ ဦးအပါအတင် စစ်သား ၂၀၀ ကျော် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းများလည်း အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ၊ ဆက်ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article